အကယ်၍များ သင်က အင်္ဂလိပ်စာ ကို စနစ်တကျ လေ့လာလိုသူ ၊ ကိုယ့် အင်္ဂလိပ်စာ အရည်အသွေးကို စနစ်တကျ အဆင့်ဆင့် မြှင့်တင်ချင်သူ တစ်ယောက်ဆိုရင်တော့ ခုလို Stay Home ကာလတွေက သင့်အတွက် Application တွေက တဆင့် လေ့လာ ဖို့ အကောင်းဆုံးအခွင့်အရေးလို့ ဆိုရမှာပါ။
▫️ ဒီတော့ အင်္ဂလိပ်စာ လေ့လာဖို့ ဘာကြောင့် Online Application တွေကို ရွေးချယ်သင့်တာလဲ ?
▫️ Online App တွေနဲ့ အင်္ဂလိပ်စာ လေ့လာခြင်းအားဖြင့်
☑️ တစ်ယောက်တည်း self study လုပ်သလို သင်ယူနိုင်ပါတယ်။
လူအများနဲ့ သင်ယူရမှာ သက်တောင့်သက်သာမရှိတဲ့ လူတိုင်းအတွက်ကတော့ Online App တွေက အကောင်းဆုံးပါပဲ။ ကိုယ့် စိတ်တိုင်းကျ နားလည်တဲ့အထိ ဖြေးဖြေးချင်းသင်ယူနိုင်မယ်
☑️ သင်တန်းချိန် နှစ်သက်သလို ပြောင်းလဲ လေ့လာနိုင်ပါတယ်။
App ကို ကိုယ်ဖွင့်တဲ့အချိန်က ကိုယ့် သင်တန်းချိန်ပါပဲ။ ဒါ့အပြင် အပြင်သင်တန်းများမှာ တစ်ပတ် ၂ ရက် ၊ Session တစ်ခုကို ၂ နာရီ စသဖြင့် သတ်မှတ်ထားပေမယ့် App နဲ့ လေ့လာနေတဲ့ သင့်အဖို့ကတော့ ၂၄ နာရီ ၇ရက် ကိုယ် လေ့လာနိုင်ပါတယ်။ ဘာသာစကားဆိုတာမျိုးက ထိတွေ့မှု များများရလေ တိုးတတ်မှုမြန်လေ ဖြစ်လာမယ့် အကျိုးရှိစေမယ့် လေ့လာသင်ယူမှုပါ။
☑️ Accent ပိုင်းမှာ နှစ်သက်သလို လေ့လာနိုင်တယ်။
Eng App နဲ့ လေ့လာမှုရဲ့ အကောင်းဆုံးအပိုင်းတစ်ခုက အင်္ဂလိပ်ဘာသာစကားရဲ့ အဓိက အချက်အချာဖြစ်တဲ့ Accent ပိုင်းမှာ UK US ဆိုတဲ့ နှစ်မျိုး စလုံး လေ့လာ နိုင်ခြင်းပါ။ စနစ်တကျ Accent ပိုင်းကို အမှန်ဆုံးနဲ့ အမြန်ဆုံး သင်ယူဖို့ဆိုရင်တော့ App တွေ က တဆင့်ပုံမှန် လေ့ကျင့်ပေးခြင်းက သင့်အတွက် အသင့်တော်ဆုံးပါ။
☑️ မိမိ နှစ်သက်တဲ့ Skill ကို လေ့လာနိုင်တယ်။
အခြေခံ ကျတဲ့ 4 Skills (Reading, Writing, Listing, Speaking) ပိုင်းမှာမှ မိမိ အားနည်းတဲ့အပိုင်းကို ဦးစားပေး လေ့ကျင့် သင်ယူချင်တာမျိုးဖြစ်ဖြစ်၊ လေးခုလုံး Step by Step ပုံမှန်လေ့ကျင့်သွားချင်တာမ
☑️ အချိန်ကုန်လူပင်ပန်းသက်သာစေ
သင်ရတဲ့ Classroom Enviroment အတွင်း အဆင်မပြေတာမျိုး၊ အပြင်သင်တန်းကို သွားရမယ့် အချိန်တွေ စရိတ်စကတွေ၊ အသွားအပြန် ကြောင့် အချိန်လည်းကုန် လူပင်ပန်းတာမျိုးတွေ လုံးဝမရှိစေပဲ အိမ်မှာဖြစ်ဖြစ် စာကြည့်တိုက်မှာဖြစ်ဖြစ် ထိုင်လက်စ ကော်ဖီဆိုင်မှာဖြစ်ဖြစ် ကိုယ့်လေ့လာချင်တဲ့ အချိန် နဲ့နေရာ App လေး ကောက်ဖွင့်လိုက်ရုံပါပဲ။ ဒါက အပြင်သင်တန်းတွေမှာလို နေရာဝေးတာ ၊ အသွားအပြန် အချိန်အဆင်မပြေတာ မျိုးတွေ ထည့်စဉ်းစားစရာ လုံးဝမလိုတော့တဲ့ အားသာချက်တစ်ခုပါပဲ။
☑️ ယုံကြည်မှု ရှိစေပါတယ်။
အင်္ဂလိပ်စာတော့ သင်ချင်ပါတယ်။ ပြောလိုက်ရင် ရေးလိုက်ရက် မှားသွားမှာ ကြောက်တယ် ရှက်တယ်ဆိုတဲ့ လူတိုင်းအတွက်ကတော့ အခြေခံအနေနဲ့ App တွေနဲ့ စလေ့လာသင့်ပါတယ်။ App နဲ့လေ့လာတဲ့အခါ ကိုယ်ရယ် ဖုန်းရယ် ကလွဲလို့ ဘယ်သူမှ မရှိတဲ့အတွက် သင့်အနေနဲ့ တိုးတက်ချင်စိတ်နဲ့ လေ့ကျင့်လိုစိတ် ရှိဖို့ပဲလိုအပ်ပါတယ်။ ဒီလို ခံစားချက်မျိုးတွေ မရှိနိုင်တဲ့အတွက် ကိုယ်တိုင်လည်း ယုံကြည်မှုအပြည့်နဲ့ လေ့လာနိုင်သွားမှာပါ။
☑️ ကုန်ကျစရိတ်သက်သာစေပါတယ်။
▫️အပေါ်က ပြောခဲ့သလိုပါပဲ။ သင်တန်းအချိန်နဲ့နေ့ရက် အားဖြင့် တွက်ချက်ကြည့်ရင် များသောအားဖြင့် Online App Class တွေဟာ သာမန် အပြင်သင်တန်းတွေထက် များစွာ စရိတ်သက်သာတတ်ကြပါတယ်။
▫️ ဒါကြောင့် အိမ်မှာနေရင်း ဦးနှောက်နဲ့ ကိုယ်ပိုင် အရည်အသွေးတွေကို အမြဲ တိုးတက်သစ်လွင်နေဖို့ဆိုရင်
▫️ ဒီလို အားသာချက်တွေ အပြည့်နဲ့ Online App တစ်ခု ရွေးချယ်ပြီး အင်္ဂလိပ်စာကို လေ့လာချင်တယ်ဆိုရင်တော့ အောက်ပါ Link မှ တဆင့် MMC ရဲ့ English Mobile Application အကြောင်းလေ့လာနိုင်ပါတယ်။
https://web.facebook.com/
▫️ အိမ်မှာ နေရင်း လေ့လာသင်ယူမှုတွေနဲ့ အဆက်မပြတ်စေဖို့ MMC ရဲ့ “English Mobile Application” မှာ ခုပဲ Register လုပ်လိုက်ပါ။