တိုးတက်မြင့်မားလာတဲ့ ၂၁ ရာစုရဲ့ ပညာရေး စနစ်ရဲ့ ကောင်းကျိုး တစ်ခုက ကျွန်တော်တို့ Education Pathway အတွက် ကောင်းသည်ထက် ကောင်းတဲ့ အခွင့်အရေးတွေလည်း များပြားလို့လာခြင်းပါ။
ဒီလို အခွင့်အရေးတွေထဲမှာမှ ကျွန်တော်တို့ အတွက် အထူးခြားဆုံး Chance လို့ ဆိုလို့ရတဲ့အရာကတော့ အားလုံးလိုလိုနဲ့ ရင်းနှီးပြီးသား ဖြစ်နေတဲ့ Scholarship ဆိုတဲ့ ပညာသင်ဆုပါ။ ပညာကို အမှန်တကယ် လိုလားသူတိုင်းအတွက် ပညာရေးပိုင်းရော ငွေကြေးပိုင်းဆိုင်ရာပါ အထောက်အပံ့ ရရှိနိုင်မယ့် ဒီလို Scholarship အစီအစဉ်တွေက ယနေ့ခေတ် ပညာရေးနယ်ပယ်မှာ ကျောင်းတိုင်းလိုလိုမှာ ကျင်းပပြုလုပ်ပေးနေတာမို့ မိမိ အမှန်တကယ် ဝါသနာပါတဲ့ ဘာသာရပ်ကို အလွယ်တကူ ရွေးချယ်လိုက်ပြီး ကြိုးစား ဖြေဆိုလို့ ရနိုင်ပါပြီ။
Scholarship ဆိုတာ“ Academic study or achievement : Learning at a high level” လို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပြီး ကျွန်တော်တို့ ဘ၀ ကို နောက် တစ်ဆင့် မြင့်မားသွားဖို့ရာ ကိုယ်တိုင် ကြိုးစား စွမ်းဆောင်ကြည့်ဖို့ လက်ထဲ ထည့်အပ်ပေးလိုက်တဲ့ အခွင့်အရေး တစ်ခုလို့ ဆိုရင်လည်းမမှားပါဘူး။
Scholarship Winner ဖြစ်သွားတဲ့အခါ Educational Benefits နဲ့ Financial Benefits ပဲ ပိုင်ဆိုင်လိုက်ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘ၀ တဆစ်ချိုး မှာ အရေးကြီးတဲ့ Career Benefits အတွက်ပါ အများကြီး အထောက်အကူ ဖြစ်စေနိုင်တာပါ။
ဆိုတော့ Scholarship အတွေ့အကြုံတွေက ကျွန်တော်တို့ Career က ဘယ်လို Impact တွေ ရှိနေလဲ အရင် ကြည့်လိုက်ရအောင်။
Achievement ကောင်း တစ်ခု အဖြစ် တင်ပြနိုင်တယ်။
ကိုယ်ဝင်ရောက်လုပ်ကိုင်မယ့် နယ်ပယ်တစ်ခုမှာ ပထမဆင့်အနေနဲ့ အရေးကြီးဆုံးက ကိုယ့်ရဲ့ Impression ပြယုဂ် ကောင်း တစ်ခု ရှိနေဖို့ပါ။ ဒါကလည်း အရည်အချင်းရှိတဲ့ နယ်ပယ် တစ်ခုကို တိုးဝင်ဖို့ဆို ကိုယ့် အောင်မြင်မှု အရည်အချင်း အစစ်အမှန်တွေကို ချပြရင်း လုပ်ယူမှ ရမယ့် အရာတစ်ခုပါ။
အကယ်၍ သင်ကသာ Scholarship Winner တစ်ယောက်ဆိုရင်တော့ သင့်အတွက် ဒီကိစ္စက သိပ်ခက်ခဲလှတဲ့ အရာတော့ မဟုတ်ပါဘူး။ Achievement Lists မှာ ဘယ်လို ဘာသာရပ်ကို Scholar တစ်ယောက် အဖြစ် လေ့လာဆည်းပူး အောင်မြင်ခဲ့ပါတယ်လို့ တင်ပြထားတာလောက် သင့်ရဲ့ အရည်အချင်းကို ပေါ်လွင် ထင်ဟပ်စေနိုင်တာမျိုး မရှိတော့လောက်ပါဘူး။
Employment Impact ရှိစေပါတယ်။
အလုပ်လျှောက်တဲ့အခါ အခြားသော resume ပေါင်းများစွာထဲမှာ ကိုယ့် Resume က ကွဲထွက်နေဖို့ဆို အင်မတန်ခက်ခဲတဲ့ အရာပါ။ ဒါပေမယ့် Scholar Winner တစ်ယောက်အတွက်ကတော့ Achievements ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်ရဲ့ Scholarship အတွေ့အကြုံ အောင်မြင်မှုတွေကို ဖော်ပြထားခြင်းအားဖြင့် အလုပ်ရှင်ရဲ့ attention ကို လွယ်ကူစွာ ဖမ်းယူနိုင်ပါတယ်။
ပညာအရည်အချင်းတွေ၊ ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံ လုပ်ဆောင်ချက်တွေနဲ့ အတူ ကိုယ်တိုင်ကိုယ်ကျ ပြုစုထားရတဲ့ စာတမ်းတွေနဲ့ ရရှိအောင်မြင်ခဲ့တဲ့ Scholarships တွေ အပြည့်အစုံ ခြုံငုံ ဖော်ပြထားတဲ့ CV ပိုင်ရှင်ရဲ့ Potential ဟာ ဘယ်လောက်အတိုင်းအတာ အခြေအနေထိရှိတယ်ဆိုတာ လုပ်ငန်းရှင်က ရာခိုင်နှုန်းတော်တော်များများ ဒီ စာရွက်ပေါ်မှာတင် အကဲခတ် အမှတ်ပေးလို့ရနေနိုင်ပြီမို့ သင်က သူတို့အတွက် အမှတ်အများအပြားပေးရလောက်တဲ့ Candidate စာရင်း ဝင်ဖို့ ရာခိုင်နှုန်းက များပြားလို့နေပါပြီ။ ကိုယ့်ရဲ့ Education Pathway မှာ အောင်မြင်မှု များလေလေ Employment Impact က အနည်းနဲ့ အများတော့ မြင့်တက်လာလေလေ ဆိုတာ ငြင်းလို့မရပါဘူး။
Career Impact ရှိစေပါတယ်။
အမြဲလိုလို Ongoing ဖြစ်နေမယ့် ကျွန်တော်တို့ရဲ့ Career Pathway မှာ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့က တစ်နေရာထဲမှာ ရပ်နေကြမယ့် လူတွေ မဟုတ်ပါဘူး။
အသစ် အသစ်သော စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း အကောင်းဆုံး ဆိုတဲ့ နေရာ တစ်ထစ်ချင်း စီ လျှောက်လှမ်းသွားနေကြရမှာပါ။
ဒီလို သွားရမယ့် လမ်းခရီး မှာ သေချာတာ တစ်ခုကတော့ ကိုယ် အောင်မြင်ရရှိထားတဲ့ Scholarship အတွေ့အကြုံ တစ်ခုက သင့်ရဲ့ Career အတွက် ကောင်းမွန်တဲ့ record တစ်ခု ဖန်တီး ပေးထားနိုင်မယ် ဆိုတာပါပဲ။ အရည်အချင်း အစစ်အမှန်နဲ့ ရရှိထားတဲ့ အောင်မြင်မှု ဆိုတာ နေရာ ပြောင်းလဲ လည်း ကောင်းမွန်တဲ့ ဂုဏ်ပုဒ် တစ်ခု အဖြစ် ကိုယ့် ဘ၀ ခရီးလမ်းမှာ သမိုင်းတွင် ကျန်နေခဲ့တတ်တာမို့ ကိုယ်က ဘယ် Career ကိုပဲ ပြောင်းလဲ ပြီး ရှေ့ဆက် လျှောက်လှမ်းပါစေ။ ကောင်းမွန်တဲ့ Impression နဲ့အတူ Achievement ကောင်းတစ်ခုကို ပိုက်လို့ Self-confidence အပြည့်၊ အရည်အချင်းအပြည့်နဲ့ အများထက် ခြေတလှမ်းသာနေတဲ့ Career Pathway မှာ ဂုဏ်ယူစွာ လျှောက်လှမ်းသွားနိုင်မှာပါ။
ဆိုတော့ ဖော်ပြထားတဲ့အချက်အလက်တွေက ယေဘုယျသဘောတရားခြုံငုံသုံးသပ်ပြထားခြင်းပါ။
ဒီနေရာမှာ အဓိက ပြောချင်တာက ဒီလို Scholarship Winner တစ်ယောက်ရဲ့ အတွေ့အကြုံက ကိုယ် လျှောက်လှမ်းရမယ့် လုပ်ငန်းခွင်နယ်ပယ်အတွက် ဘယ်လောက်ထိ အထောက်အကူ ပြု စေနိုင်တယ်ဆိုတာကို တင်ပြခြင်းထက် ဒီလို အကျိုးကျေးဇူးတွေ ရှိလာစေနိုင်မယ့် အခွင့်အရေးကို ကျွန်တော်တို့အမိအရ အသုံးချတတ်ဖို့ပါ။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ ကို လက်လှမ်းမီနိုင်လောက်တဲ့ အရည်အချင်း တွေအတွက် ပေးအပ်ထားတဲ့ ပညာသင်ဆု Scholarship အစီအစဉ်တွေ အများအပြားရှိနေပါတယ်ဆိုတာ သတိပြူစေချင်ပါတယ်။
နောက်ပြီး ဒီလို အခွင့်အရေးတွေကို လက်လွှတ်မခံဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ကိုယ်ပိုင် အရည်အချင်းတွေကို ချပြရင်း အမြင့်မားဆုံးသော ပန်းတိုင်တွေ အထိ လျှောက်လှမ်းကြည့်စေချင်ပါတယ်။