“Education will bring you the opportunity to make a difference.” ဆိုတဲ့ စကားလိုပါပဲ။ အပြောင်းအလဲကိုစောင့်နေမယ့်အစား ကိုယ်လိုချင်တဲ့ပြောင်းလဲမှုကို ကိုယ်တို်င်ဦးဆောင်ပြီး ဖန်တီးလိုက်ပါ။ ဒီလိုဖန်တီးနိုင်ဖို့အခွင့်အရေးကို ပညာရေးကသင့်ကို ပေးစွမ်းနိုင်ပါတယ်။
ကျွန်တော်တို့လူငယ်တွေအနေနဲ့ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေတဲ့ Digital Era မှာနေထိုင်နေတာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ တိုးတက်ပြောင်းလဲမှုတွေဖြစ်ပေါ်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက လူငယ်တွေအနေနဲ့လည်း နောက်ကောက်ကျကျန်နေခဲ့လို့ မဖြစ်ပါဘူး။ အထူးသဖြင့် ပညာရေးနယ်ပယ်မှာ နိုင်ငံတကာကနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အထူးအရေးကြီးပါတယ်။
ဆိုတော့ ယနေ့ခေတ် ပညာရေးနယ်ပယ်မှာ ဘာတွေ ပြောင်းလဲနေပြီလဲ။ ပညာရေး ရေစီးကြောင်းကရော ဘယ်လောက်ထိ ဆန်းသစ်နေပြီလဲ၊ ကျွန်တော်တို့အနေနဲ့ ဘာတွေကိုပြင်ဆင်ပြီး ဘယ်လိုလေ့လာသင်ကြားမှုတွေကို ပြုလုပ်ရမလဲဆိုတာ တစ်ချက်လောက်ဖတ်ကြည့်လိုက်ကြရအောင်။
Internship ဆိုတာ Career အတွက် Platform တစ်ခု ဖြစ်လာပါပြီ။
Internship ဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးနယ်ပယ်နဲ့ မစိမ်းတော့ပါဘူး။ လက်ရှိ တက္ကသိုလ်အများစုမှာ ကျောင်းသူကျောင်းသားတိုင်းလိုလို နောက်ဆုံးစာသင်နှစ် ကိုရောက်ရှိလာရင် ကျောင်းတွေကနေတဆင့် ချိတ်ဆက်ပေးတဲ့ ကုမ္မဏီတွေမှာ အလုပ်သင်အနေနဲ့ Internship ဆိုတာလုပ်ကိုင်နေရပါပြီ။ အလုပ်သင်ကာလဆိုတာ ရှေ့ဆက်လျှောက်လှမ်းရမယ့် လုပ်ငန်းခွင်နယ်ပယ်မှာ Hands-on Experience ရရှိလာနိုင်ရုံသာမက ကိုယ့် Career ရဲ့ Start Point ကိုပါ ဖန်တီးနိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်။
Forbes Magazine ရဲ့ဖော်ပြချက်အရဆိုရင် 60% သောအလုပ်သင်တွေဟာ ကျောင်းပြီးတဲ့အခါ Job Offer ပြန်လည် ကမ်းလှမ်းခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျောင်းသားဘဝကနေ လုပ်ငန်းခွင်သို့ အကူးအပြောင်းမှာ အလုပ်လုပ်ရာတဲ့အခါ လိုအပ်တဲ့ သိထားသင့်တဲ့ အခြေခံအချက်အလက်တွေကို ဆည်းပူးပြီးသားလည်းဖြစ်မှာပါ။ ဆိုလိုတာက ဒီလို ကောင်းမွန်တဲ့ အခွင့်အလမ်းကို ဖန်တီးပေးနိုင်တယ်၊ ယနေ့ခေတ် ကျွန်တော်တို့လူငယ်တွေရဲ့ Education Pathway မှာအသုံးဝင်တဲ့ Trend တစ်ခုအဖြစ်ရပ်တည်နေတာမို့ ကျောင်းသူကျောင်းသားတိုင်း ကြိုးစားကြည့်ဖို့ အကြံပေးပါရစေ။
Learning to learn ကို ဦးစားပေးလာကြတယ်။
သင်ယူလေ့လာခြင်းထက် ဘယ်လိုလေ့လာသင်ယူရမလဲဆိုတာက ပိုပြီးအရေးကြီးတာပါ။ ဒါကြောင့်လည်း ယနေ့ခေတ်မှာ တက္ကသိုလ်၊ ကောလိပ်နဲ့ ကုမ္ပဏီတွေမှာ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို Efficiently ဘယ်လိုလေ့လာသင်ယူကြရမလဲဆိုတဲ့ Techniques ကို ဦးစားပေးသင်လာကြတာပါ။
Crossover Learning, Context-based Learning နဲ့ Incidental learning (unplanned or unintentional learning) စသည်ဖြင့် learning technique အများအပြားထဲကမှ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်မယ့် technique ကိုရွေးချယ်ပြီးတော့ သင်ယူလေ့လာရင်း ယနေ့ခေတ်ရဲ့ ပညာရေး Trend မှာနောက်ကောက်မကျစေဖို့ ကြိုးစားသင့်နေပါပြီ။
App တွေက တဆင့်လေ့လာသင်ယူနေကြပါပြီ။
သင်ယူလေ့လာခြင်းဆိုတာ စာသင်ခန်းထဲမှာပဲ ဖြစ်ပေါ်တဲ့ခေတ်ကုန်သွားပါပြီ။ ဒီနေ့ခေတ်မှာဆိုရင် ကိုယ်သင်ယူလေ့လာချင်တဲ့အရာတွေကို App တွေကနေတဆင့်လည်း လွယ်ကူစွာ သင်ယူနိုင်နေပြီဖြစ်ပါတယ်။ ကျောင်းသွား ကျောင်းပြန် ရုံးသွား ရုံးပြန်နဲ့ အချိန်ကုန်နေရတဲ့အခါမျိုးမှာ ဒီနည်းလမ်းက အင်မတန်အသုံးဝင်လှပါတယ်။ ကျွန်တောတို့ရဲ့ နေ့စဉ်ဘဝမှာ Mobile Phone ဆိုတာ Essential device လိုဖြစ်နေပါပြီ။ ဒီဖုန်းတွေကိုအသုံးပြုပြီး To Go Learning လုပ်နိုင်ဖို့အတွက် အဆင်မြင့် Learning App တွေလည်း အများအပြား အလွယ်တကူ ဒေါင်းလုတ်လုပ်နိုင်တဲ့ ခေတ်ရောက်နေပြီလေ။ ဒီလို App တွေမှာဆိုရင် Learning Achievement တွေ Progress Tracking နဲ့ Reminder တွေပါထည့်သွင်းပေးထားတဲ့အတွက် ကိုယ့်ရဲ့တိုးတက်မှုကိုပါ တိုင်းတာနိုင်မှာဖြစ်ပါတယ်။ Online class တွေ၊ Online Test & Exam တွေကို Online ကနေတဆင့် သို့မဟုတ် App ကနေတဆင့် သွားရင်းလာရင်း လေ့လာသင်ယူနေလို့ရတဲ့ ခေတ်ကြီးထဲမှာ အချိန်ကိုအကျိုးရှိစွာ အသုံးချသင့်ပါတယ်။
နိုင်ငံတကာအဆင့်မီပညာရေးကို ပြည်တွင်းမှာသင်ယူနိုင်နေပြီ။
အရင်ကဆိုရင် ငွေကြေးတတ်နိုင်တဲ့ မိဘတွေအနေနဲ့ သားသမီးတွေကို နိုင်ငံခြားလွှတ်ပြီး ကျောင်းတက်ခိုင်းကြတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာဆိုရင် Higher Education Course တွေ Advanced Diploma တွေကစလို့ Bacheolor, Master အထိ သင်ကြားနိုင်တဲ့ International College တွေ University တွေအများအပြားဟာ ပြည်တွင်းမှာတင်ပဲ ရှိနေပါပြီ။ Scholarship, Study Grant, Study Loan အစရှိတဲ့ အခွင့်အလမ်းတွေများစွာလည်း လက်တကမ်းမှာရှိနေတဲ့အတွက် မှန်ကန်စစ်မှန်တဲ့ ပညာရေးစနစ်နဲ့ ထိတွေ့ခွင့်ရဖို့ဆိုတာ လူငယ်တွေအတွက် အလှမ်းဝေးတဲ့ အိပ်မက်တစ်ခုမဟုတ်တော့ပါဘူး။
ဆိုတော့ ခေတ်ရေစီးကြောင်းထဲမှာစီးမျောရင်း ပညာရေးကိုလည်း မျက်ခြေမပြတ်ပါစေနဲ့။ စဉ်ဆက်မပြတ် လေ့လာသင်ယူပါ။ ဘောင်အပြင်ကနေ တွေးပါ။ တစ်စုံတစ်ရာကိုပြောင်းလဲချင်ရင် ကိုယ့်မှာပြောင်းလဲနိုင်တဲ့ အစွမ်းအစရှိလာတဲ့အထိ ကြိုးစားပါ။ လူငယ်တွေအားလုံး ကိုယ်စီအိပ်မက်တွေဆီ အရောက်လှမ်းနိုင်ကြပါစေ။