“ မင်း ဘယ်သူဆိုတာ မိတ်ဆက်စရာ မလိုတော့အထိ အလုပ်လုပ်ပါ” တဲ့။
ကျွန်တော်တို့ ငယ်ငယ်တည်းက ကြားဖူးနေကျ Motivational Quote တစ်ခုပါ ။
▪️တကယ်လည်း ကျွန်တော် အားလုံး စိတ်ကူးတွေ ကို လက်တွေ့ အကောင်အထည် ဖော်ချင်ခဲ့တယ်။ ဆန်းသစ်တီထွင်ချင်ခဲ့တယ်။ ကိုယ့်ကို မြင်လိုက်ရုံနဲ့ ကိုယ့်အရည်အချင်းတွေကို အသိအမှတ်ပြုခံချင်တယ်။ ကိုယ့် ဖန်တီးမှုတွေ လေးစားသမှုနဲ့ အသိအမှတ်ပြုစေချင်တယ်။ ကြီးကြီးမားမားပြောရရင် ကမ္ဘာကြီးကို ပြောင်းလဲချင်တယ်ပေါ့။
▪️ဒါတွေက ကျွန်တော်တို့ အားလုံးလိုလိုရဲ့ ငယ်ဘဝရဲ့ အိပ်မက်တွေပါ။
ဒါပေမယ့် “Mark Zukerberg” အတွက်တော့ ဒါတွေ အားလုံးက လက်တွေ့ဘဝပါ။
▪️နာမည်ကြားရုံနဲ့ သူ့ရဲ့ နောက်ခံ အကြောင်းအရာတွေကစလို့ ယနေ့ထိတိုင် တီထွင်ဆန်းသစ်မှုတွေနဲ့အတူ ကမ္ဘာကြီးကို ဘယ်လို ပြောင်းလဲ ပစ်လိုက်တယ်ဆိုတာ ကျွန်တော်တို့ လူငယ်တိုင်းရဲ့ ပါးစပ်ဖျားထဲမှာ ပြောမဆုံးနိုင်တဲ့ အကြောင်းအရာတစ်ခု ဖြစ်နေတုန်းပါပဲ။
▪️ ကမ္ဘာ့အအောင်မြင်ဆုံးသော စွန့်ဦးတီထွင်သူတွေထဲက တစ်ဦးဖြစ်ပြီး Facebook ကနေ တဆင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ ရဲ့ နေထိုင်ဆက်သွယ်မှုတွေ၊ သူငယ်ချင်းဖွဲ့ပုံတွေ၊ ကမ္ဘာကြီးရဲ့ စီးပွားရေး ဈေးကွက်တွေ၊ ဈေးကွက်ဖြန့်ချဲ့မှုတွေကစလိ
🔹 Critical Thinking
Zuckerberg ရဲ့ အကောင်းဆုံးသော စွမ်းရည်တွေထဲက တစ်ခုလို့ ဆိုရမှာပါ။ ဘယ် အကြောင်းအရာကို မဆို သူများထက် စိတ်ဝင်စားမှုပြင်းထန်ပြီး မတူညီတဲ့ အတွေးအခေါ်အသစ်နဲက အကြောင်းအရာအသစ်တွေ ဖန်တီးနိုင်စေတာပါ။ “ ကျွန်တော် ၆တန်းနှစ်မှာ ကွန်ပြူတာ ကို ပထမဆုံး စရရချင်း စိတ်ဝင်စားဆုံးအကြောင်းအရာ ဒီကွန်ပြူတာက ဘယ်လို အလုပ်လုပ်တာလဲ စတာပဲဗျ။ ဒီ အထဲမှာ Program တွေက ဘယ်လို run နေတာလဲ။ ဘယ်လို System တွေ ထည့်ထားလဲ ဆိုတာတွေ သိချင်တာနဲ့ ကျွန်တော် လေ့လာဖြစ်ခဲ့တာပါ။ အောင်မြင်မှုလမ်းစ ဆိုတာမျိုးက ခေါင်းထဲမှာ ပေါ်လာတဲ့ Idea ကို အကောင်အထည် ဖော်ပစ်လိုက်တာမျိုးထက် critical ကျကျ ထပ်တွေးရင်းမှ ပေါ်ထွက်လာတာမျိုးပါ။”
🔹 Problem-Solving
Zuckerberg က ပြဿနာတွေ ဖြေရှင်းဖို့သာ အဓိက အာရုံထားသူလို့ ဆိုပါတယ်။ “ကျွန်တော် အလုပ်တစ်ခုလုပ်တိုင်း ကိုယ်တိုင် ပြန်မေးမိနေကျ မေးခွန်းရှိတယ်။ ငါ အခု လုပ်နေတာတွေက ငါ လုပ်နိုင်သမျှထဲမှာ အရေးကြီးဆုံးသော အရာတွေလား ဆိုတာပါ။ တကယ်လို့ ဟုတ်တယ်လို့ ခံစားမိတိုင်း အချိန်ဘယ်လောက်ကုန်ကုန် ဘာမှ မဖြစ်ပါဘူး။ ဒီပြဿနာကို အကောင်းဆုံးသော အဖြေရှာဖို့ ကြိုးစားတယ်။ စီးပွားရေးတိုင်းမှာလည်း ကိုယ့်ရဲ့ Consumer ဒါမှမဟုတ် လုပ်ငန်းအတွက် အဖြေထုတ်ဖို့ ကြိုးပမ်းရမယ့် ပြဿနာ ဆိုတာ ရှိကို ရှိနေရမယ် လို့ ယုံကြည်ထားတယ်။
🔹 Assertiveness
Zuckerberg က အခြားလူတွေ ဘာတွေ လုပ်နေကြသလဲ ဘယ်သူ့နောက်ကို လိုက်သင့်လဲဆိုတာမျိုးတွေ စိတ်ဝင်စားသူမဟုတ်ပါဘူး။ Wire Magazine Interview မှာ သူဖြေခဲ့ဖူးတာ ရှိတယ်ဗျ။ “ တခါတလေ ကျွန်တော်တို့က လူတွေ လက်မခံနိုင်လောက်တာမျိုးတွေ
🔹 Mindfulness
“ ကျွန်တော့်နားမှာ ပြောနေကျတဲ့ ပြစ်တင်ဝေဖန်မှုတွေကို ဥပေက္ခာပြုထားရာ ကနေပဲ လူတွေ ကျွန်တော့်ကို ဘယ်လိုများမြင်နေပါမလဲဆိုတဲ
🔹 Vision
Zuckerberg လို့ ဆိုလိုက်ရင် Facebook ကြီးကို တီထွင်သူဆိုတာထက် ယနေ့ခေတ်ရဲ့ Global Business Landscape ကို ပုံဖော်နေတဲ့လူတစ်ယောက်လို့
▪️ဆိုတော့ ….. ဒီနေ့ ကျွန်တော် ဒီလို ဆောင်းပါးတစ်ပုဒ်ကို တင်ပြလိုက်နိုင်တာ….. စာဖတ်သူတွေလည်း ဖုန်း ဒါမှမဟုတ် Laptop လေးနဲ့ Facebook ဆိုတာလေးထဲမှာ ဒီလို စာတွေ ဖတ်နိုင်နေတာက စလို့ ကျွန်တော်တို့ အားလုံးရဲ့ ဘဝနေထိုင်မှုကို တဆင့်မြှင့်ပေးလိုက်နိုင်တဲ
▪️ သင်တို့ရော …Mark Zuckerberg ဆီက ဘယ်လိုအချက်တွေကို လေးစားအတုယူမိကြလဲ?
▪️Mark Zuckerberg လမ်းပြခဲ့ဖူးတဲ့ သဘောအကျဆုံး စကားတွေ၊ Quote တွေ ရှိရင်လည်း Comment မှာ မျှဝေပေးခဲ့ကြပါဦးဗျ။