▪️ကျွန်တော်တို့ နေ့စဉ်ဘ၀ မှာပေါ့။ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားကို ဘယ်နှခေါက်လောက်များ ပြောဖြစ်ကြလဲ?
ကြီးကြီးမားမား မဟုတ်ပါဘူး။
▪️ကိုယ်လိုအပ်တဲ့ ပစ္စည်း ဝယ်ယူပြီးတဲ့အခါ ၊ Delivery လာပို့တဲ့အခါ၊ တစုံတခု ပြုတ်ကျသွားလို့ ကောက်ပေးလိုက်တဲ့အခါ ၊ ကိုယ်သွားလိုရာ လိုက်ပို့တဲ့ တက္ကစီဦးလေးကြီးကို ကားပေါ်က ဆင်းတဲ့အခါ ကျေးဇူးတင်ပါတယ် ပြောဖြစ်မယ်ပေါ့။
▪️သူများတွေ ဆီကလည်း ကျွန်တော်တို့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားမျိုး မရေမတွက်နိုင်အောင် ကြားခဲ့ဖူးမှာပါ။
ဒီလိုဆို စဉ်းစားကြည့်ပါဦး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ရော ဘယ်နှကြိမ် ဘယ်နှခါ လောက်များ ကျေးဇူးတင်ပါတယ်ပြောခဲ့ဖူးလ
▪️ ဒီလို မေးတော့ ရယ်စရာကောင်းချင်ကောင်းပါလိ
▪️ကျွန်တော်တို့ အမှားလုပ်မိတဲ့အခါ အများ အပြစ်မတင်ရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ မြန်မြန်ဆန်ဆန်ပဲ အပြစ်တင်လိုက်ကြတတ်တယ်။
▪️ဒါပေမယ့် ကျွန်တော်တို့ ပန်းတိုင်လေး တစ်ခု အောင်မြင်သွားမျိုး၊ ကောင်းမွန်တဲ့အရာတစ်ခု လုပ်မိလိုက်တာမျိုးက စလို့ နေမကောင်းဖြစ်နေတဲ့ကြားက အလုပ်တွေပြီးအောင် လုပ်လိုက်တဲ့အခါမျိုးလေးတွေ
▪️ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြီး ကျေးဇူးတင်တယ်ဆိုတာ ကိုယ့် ဂုဏ်ကိုယ် ဖော်ပြီး ဝင့်ကြွားတာမျိုး မဟုတ်ပါဘူး။
ကျေးဇူးတင်တတ်ဖို့လည်း ဘယ်လို ကျော်ကြားမှု ရာထူးဂုဏ်ဒြပ် အောင်မြင်မှု တွေ များများစားစား ရှိနေဖို့ မလိုအပ်ပါဘူး။
☑️ မနက် မိုးလင်းလို့ နိုးထလာတဲ့အခါ ခေါင်း မကိုက်ဘဲ စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထလာတဲ့ အတွက် ကျေးဇူးတင်တယ် ဆိုတဲ့ စိတ် တစ်ခုနဲ့ အစပြုကြည့်ပါ။
☑️ လူတစ်ဦးတစ်ယောက်ချင်းစီတိုင
ဒါကြောင့် ကြည့်ကောင်းတယ် လှတယ် ရုပ်ဆိုးတယ် စတဲ့ ထင်မြင်ချက်တွေကို လျစ်လျူရှုလို့ နေ့စဉ်ဘဝမှာ လုပ်ချင်တဲ့ အရာတိုင်း ကျန်းမာစွာ လုပ်နိုင်စွမ်းရှိတဲ့ ကိုယ်ခန္ဓာ ကို ကျေးဇူးတင်ပါ။
☑️ ကိုယ်ပိုင် တန်ဖိုး၊ ကိုယ်ပိုင်အစွမ်းအစနဲ့ အရည်အချင်းတွေ နဲ့ ရှင်သန်နိုင်လို့ ကျေးဇူးတင်ပါ။
☑️ ကိုယ့်ခြေထောက်ပေါ် ကိုယ် အကောင်းဆုံး ရပ်တည် ကြိုးစားခွင့် ရှိနေတဲ့အတွက ်ကျေးဇူးတင်ပါ။
☑️ ပိုပြီး ကြိုးစားချင်စိတ်ရှိလာအောင်
☑️ ကိုယ်တိုင် အသုံးမဝင်ဘူးလို့ ခံစားရတိုင်း ဘ၀ တလျှောက်လုံး လက်မလျှော့ဘဲ ကြိုးစားခဲ့တာတွေအတွက် ကျေးဇူးတင်ပါ။
☑️ ကိုယ်ပိုင် ရည်မှန်းချက် အိပ်မက်တွေ ရှိနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ပါ။
☑️ ကိုယ့် ပုံစံ အမှန်ကို ဖုံးကွယ်ထားတာမျိုး မဟုတ်ဘဲ့ စိတ်ရင်းတိုင်း ရှင်သန်ခွင့်ရှိတဲ့အတွက် ကျေးဇူးတင်ပါ။
ကဲ …. ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်စရာ အကြောင်းအရင်းတွေ အများကြီးပါ။ 💕
ဒီတော့ ဒီနေ့လည်း ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းရင်း ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။ 💕