How to Work from Home Productively

🔸လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ အလုပ်လုပ်တယ်ဆိုတာ သာမန်ဆိုပေမယ့် ရုတ်တရက် အိမ်မှာပဲ အလုပ်တာဝန်တွေကို ရုံးချိန်အတိုင်း လုပ်ဖို့ ဆိုတာကျ ကျွန်တော်တို့အတွက် အစိမ်းသက်သက်ဖြစ်လို့နေပါသေးတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာလို အာရုံစိုက်လို့ မရတာမျိုး၊ အလုပ်တွေ မပြီးမစီးဖြစ်နေတာမျိုး၊ တနေကုန် ထိုင် အလုပ်လုပ်နေပေမယ့် ရုံးမှာထက် အလုပ်တွေ ပိုများပြီး စုပုံနေမိတာမျိုးတွေ ကြုံလာရမှာပါ။ 🔸 ပြောရမယ်ဆိုရင် work from home ရတာ ဘယ်လိုမှ Productive မဖြစ်ဘူး ဖြစ်နေတယ်ပေါ့။ ဒီတော့ အိမ်မှာ အလုပ်လုပ်နေရတဲ့ သူတွေအနေနဲ့ လုပ်ငန်းခွင်မှာအတိုင်း Productive ဖြစ်ဖြစ်နဲ့ အကျိုးရှိအောင် ဘယ်လို အလုပ်လုပ်ကြမလဲ ? နှစ်မိနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်ကြပါဦးဗျ။


Time Management is Life Management

“Time is the great equalizer” လို့ ဆိုတဲ့ စကားလိုပဲ။ ကျွန်တော်တို့ရဲ့ ရှင်သန် နေထိုင်မှုမှာ တူညီတာတစ်ခုက ကျွန်တော်တို့အားလုံး ပိုင်ဆိုင်ထားတဲ့ နေ့စဉ် အချိန်အတိုင်းအတာပမာဏပါ။ လူတိုင်းက တစ်နေ့မှာ ၂၄နာရီ၊ တစ်ပတ်မှာ ၇ရက်၊ တစ်လမှာ ရက် ၃၀ စသည်ဖြင့် တူညီတဲ့ အချိန်အတိုင်းအတာ တစ်ခု ရှိနေကြတာပါ။ ဒါပေမယ့် ဘဝမှာ တကယ်တမ်း အရေးကြီးတာက ကျွန်တော်တို့မှာ အချိန် ဘယ်လောက် ရှိနေတယ်ဆိုတာ မဟုတ်ပါဘူး။ ရှိနေတဲ့ အချိန်တွေကို ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ အသုံးချနေသလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ “Time Management” ပုံစံပါ။


Busy is the New Stupid

“Being busy & being productive are two different things.” လို့ဆိုကြသလိုပါပဲ။ အလုပ်ရှုပ်တာနဲ့ အလုပ်လုပ်နေတာဟာ လုံး၀ ကွဲပြားပါတယ်။ ဒါပေမယ့် ဖြစ်လေ့ရှိတာက ကျွန်တော်တို့ အများစု အမြင်မှာပေါ့။ လူတစ်ယောက်က အလုပ်တွေ အရမ်းရှုပ်တဲ့ ပုံစံပေါက်နေရင် ဒီလူက အလုပ်တွေ အရမ်းလုပ်တယ်၊ အရမ်းကြိုးစားတယ်လို့ ထင်တတ်ကြတယ်။ ဘာတွေ ဘယ်လိုပဲ လုပ်နေပါစေဦးတော့ အလုပ်ရှုပ်နေတဲ့ လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ အနည်းနဲ့အများတော့ စိတ်ထဲမှာ Impressive ဖြစ်သွားတတ်ကြတယ် မဟုတ်လား။ တကယ်တော့ အလုပ်ရှုပ်တယ်ဆိုတာ အကျင့်ဆိုးလို့ ဆိုလို့ရပါတယ်။


Productivity Vs Time Management

တခါတလေ လုပ်ငန်းခွင်ထဲမှာ ကိုယ်ဒီနေ့ ဘယ် Task တွေပြီးရမယ်လို့ သတ်မှတ်ထားပါရဲ့ Productive မဖြစ်နိုင်တော့ပါဘဲ Mind-Numbing Work Days တွေကြီးနဲ့ပဲ ရက်ဆက် ဖြတ်သန်း ကြုံနေကြဖူးလား? အများစုကတော့ ကြုံဖူးကြမှာပါ။ တခါတလေ ဘာကြောင့်ရယ်မသိ အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲကို ဘယ်လိုမှ Productive မဖြစ်တော့တာမျိုးပေါ့။ ဒီလို မကြာခဏ ဖြစ်နေတယ်၊ ဖြစ်ဖူးတယ်ဆို ဘာကြောင့် ဖြစ်သွားတယ်ဆိုတဲ့ အဖြေကို ရှာကြည့်ကြဖူးလားဗျ။ ယေဘုယျအဆန်ဆုံး အဖြေပေးရမယ်ဆိုရင်တော့ Time Management လို့ခေါ်တဲ့ အချိန်စီမံခန့်ခွဲတာ ညံ့ဖျင်းလို့ပါ။