11 Reasons Why You Should Get An MBA

အကယ်၍များ သင်က ယှဉ်ပြိုင်မှု ပြင်းထန်နေတဲ့ ယနေ့ခေတ်ရဲ့ စီးပွားရေးလောကထဲကို တိုးဝင်ရောက်ချင်သူ တစ်ယောက်ဆိုရင် သင့်ကိုယ်သင် ဘာတွေ အဆင်သင့်ပြင်ထားဖို့လိုလဲ ဆိုတဲ့အတွေးတွေထဲမှာ ပထမဆုံး ပေါ်လာမှာက ယနေ့ခေတ်ရေစီးကြောင်းမှာ စီးပွားရေးနယ်ပယ် ပေါ်လျှောက်လှမ်းနေသူတိုင်းနဲ့ ခွဲခြားထားလို့မရနိုင်တဲ့ Master of Business Administration (MBA) ဘွဲ့ဒီဂရီ ဆိုတာ မရှိမဖြစ် လိုအပ်ရဲ့လားဆိုတဲ့ အတွေးပါပဲ။ ▪️ ဒီလို အတွေးပေါ်လာပြီဆို သင့်ကို်ယ်သင် ပထမဆုံး ပြန်မေးရမှာက အကယ်၍များ MBA Degree Holder ဖြစ်လာတဲ့အခါ သင့်မှာ ဘယ်လို အခွင့်အရေးတွေ အရည်အချင်းတွေနဲ့ ပြည့်ဝလာမှာလားဆိုတာပါပဲ။


How Great Leaders Build Passion Teams

“Great Leaders are not the best at everything. They find people who are best at different things and get them all on the same team.” လို့ Eileen Bistrisky ပြောခဲ့တဲ့ စကားလိုပါပဲ။ Team တစ်ခုရဲ့ ခေါင်းဆောင်ကောင်းဆိုတာ အရာအားလုံးကို တတ်သိပြီး Perfect ဖြစ်နေတဲ့လူမျိုး ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ အားသာချက်တစ်ခုက မတူညီတဲ့နယ်ပယ်တစ်ခုစီမှာ အားသာချက်ကိုယ်စီနဲ့ Talent ရှိပြီး အတော်ဆုံးဖြစ်နေသူတွေကို မြင်တတ်၊ နေရာပေးတတ်ပြီး Team တစ်ခုအနေနဲ့ ဖွဲ့စည်းတတ်ခြင်းပဲဖြစ်ပါတယ်။ ဒါက ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းတွေထဲက တစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။


Companies with fantastic Culture

“Being a great place to work is the difference between being a good company and a great company.” လို့ပြောကြပါတယ်။ကိုယ့်ရဲ့ဝန်ထမ်းတွေက တနင်္လာလနေ့ဆို မျက်နှာကြီးတွေ မှိုင်နေတတ်လား။ တင်္နလာနေ့ကြီးကို မုန်းလိုက်တာကွာလို့ ညည်းနေကြလား။ ဒါဆိုရင်တော့ သင့်ကုမ္ပဏီရဲ့ Culture ကိုတစ်စုံတစ်ခု ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ဘာလို့လဲဆိုတော့ ကောင်းမွန်တဲ့ Company Culture တစ်ခုကိုပိုင်ဆိုင်ထားတဲ့ လုပ်ငန်းခွင်ဆိုရင် ဘယ်နေ့ပဲဖြစ်ပါစေ ဝန်ထမ်းတွေဟာ အလုပ်လုပ်ချင်စိတ်နဲ့ တက်ကြွနေမှာမို့ပဲဖြစ်ပါတယ်။


Why is Strategic Planning Important?

“Failing to plan is planning to fail.” လို့ Alan Lakein ဆိုခဲ့သလိုပါပဲ။ အစီအစဉ်မချမှတ်ခြင်းဟာ ကျရှုံးဖို့ အကြောင်းအရင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးပဲ စဉ်းစားကြည့်လိုက်ရအောင်၊ ပုံမှန် ကျောင်းသားတစ်ယောက်၊ အလုပ်ဝန်ထမ်းတစ်ယောက်ရဲ့ တစ်နေ့တာဘဝမှာ မနက်အိပ်ယာနိုးလာတဲ့ အချိန်ကစပြီး ဆုံးဖြတ်ချက်တွေကို ချမှတ်ရပါတယ်။ ကျောင်းသားတစ်ယောက်ဆိုပါတော့၊ ဒီနေ့ ကျောင်းသွားဖို့ ဘယ်သင်ခန်းစာတွေ ကြိုဖတ်သွားရမလဲ၊ အတန်းထဲမှာ လုပ်ရမယ့် Group activities တွေအတွက် ဘာတွေပြင်ဆင်ရမလဲ စသည်ဖြင့်ပေ့ါ စဉ်းစားပြီး ကြိုတင်ပြင်ဆင်ရတယ်။ ရုံးဝန်ထမ်းတစ်ယောက်ဆိုရင်လည်း ထိုနည်း၎င်းပါပဲ၊ ဒီနေ့ အလုပ်မှာ ဘယ်အလုပ်တွေကိုတော့ အပြီးသတ်လုပ်ရမယ်၊ အစည်းအဝေးအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ အသင့်ပြင်ဆင်ပြီးပြီလား ဒီလိုမျိုး တစ်နေ့တာအတွင်း လုပ်ဆောင်ရမယ့် အရာတွေကို ကြိုတင် စဉ်းစားရတယ်၊ ပြင်ဆင်ရတယ်၊ အစီအစဉ်ချမှတ်ရပါတယ်။ ဒါမှသာ တစ်နေ့တာက အစီအစဉ်တကျနဲ့ ချောချောမွေ့မွေ့ အဆင်ပြေမှာ ဖြစ်ပါတယ်။ အခုလိုမျိုး Personal life မှာတောင်မှ Planning ကဒီလောက် အရေးပါနေရင် Strategic Planning လိုမျိုး အဖွဲ့အစည်းတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ အစီအစဉ်ချမှတ်ခြင်းတွေဆို ဘယ်လောက်များအရေးပါလိုက်မလဲ?


Movies to inspire success in your Life and Business

“Inspiration comes from everywhere as it is an interior process.” ဆိုတဲ့စာသားလေးတစ်ခု ဖတ်ဖူးပါတယ်။ Inspiration ဆိုတာ ကျွန်တော်တို့ နေရာတိုင်းကနေ ရှာဖွေတွေ့ရှိနိုင်တဲ့အရာတစ်ခုပါ။ ကျွန်တော်တို့ရဲ့အနီးကပ်ဆုံးမှာ ရှိနေတဲ့ Inspiration Source တစ်ခုကတော့ ရုပ်ရှင်ဇာတ်လမ်းတွေပါပဲ။ ဖျော်ဖြေရေးဆိုတာထက် သာလွန်ပြီး အမှန်တကယ် ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်လမ်းကောင်းတွေက ကျွန်တော်တို့ရဲ့ စိတ်အာရုံတွေကို နိုးကြားတက်ကြွစေပြီး စိတ်ကူးစိတ်သန်းတွေ၊ မတူညီတဲ့အမြင်တွေနဲ့ ပင်ကိုယ်အစွမ်းအစဗီဇတွေကို သိမြင်တတ်လာအောင် မီးမောင်းထိုးပြနိုင်ပါတယ်။ ကဲ … ဒီတော့ အကယ်၍များ သင်က ရုပ်ရှင်ကြည့်ရတာ နှစ်သက်သူ ဖြစ်တယ်။ နောက်ပြီး စီးပွားရေးကို စိတ်ဝင်စားပြီး Entrepreneur ဖြစ်ဖို့လည်း စိတ်ကူးရှိသူတစ်ဦးဆိုရင် အခုပြောပြပေးသွားမယ့် ရုပ်ရှင်ဇာတ်ကားတွေက သင့်အတွက် အသိအမြင် အသစ်တွေပေးစွမ်းနိုင်ပြီး စိတ်ဓာတ်ခွန်အားတွေရရှိစေမှာပါ။


Sale and Marketing: Tips for Starter

“The Difference between Sales and Marketing is that Marketing owns the message and Sales own the relationship.” လို့ John Jantsch ပြောခဲ့သလိုပါပဲ။ Startup Business တစ်ခုအတွက် Marketing စလုပ်ပြီဆိုတာနဲ့ မဖြစ်မနေ ရင်ဆိုင်ရမယ့်အခြေအနေ နှစ်ရပ်က Competitors ပေါင်းများစွာကို ကျော်ဖြတ်ရမယ်။ Customer တွေရဲ့ စိတ်ဝင်စားမှုကို သိမ်းပိုက်နိုင်ရမယ်။ ဆိုတော့ ဒီလို အခြေအနေမျိုးတွေမှာ Startups တွေရဲ့ ရည်ရွယ်ချက်က မိမိရဲ့ Product ကို Customer ကို ကြော်ငြာတယ်ဆိုတာထက် ကိုယ့် Product နဲ့အတူ စားသုံးသူတွေကို ဘယ်လိုနည်းနဲ့ အထိရောက်ဆုံး ကူညီပေးနိုင်တယ်ဆိုတာမျိုး ဖြစ်နေရမှာပါ။