တိုးတက်မြင့်မားလာတဲ့ ၂၁ ရာစုရဲ့ ပညာရေး စနစ်ရဲ့ ကောင်းကျိုး တစ်ခုက ကျွန်တော်တို့ Education Pathway အတွက် ကောင်းသည်ထက် ကောင်းတဲ့ အခွင့်အရေးတွေလည်း များပြားလို့လာခြင်းပါ။ ဒီလို အခွင့်အရေးတွေထဲမှာမှ ကျွန်တော်တို့ အတွက် အထူးခြားဆုံး Chance လို့ ဆိုလို့ရတဲ့အရာကတော့ အားလုံးလိုလိုနဲ့ ရင်းနှီးပြီးသား ဖြစ်နေတဲ့ Scholarship ဆိုတဲ့ ပညာသင်ဆုပါ။ ပညာကို အမှန်တကယ် လိုလားသူတိုင်းအတွက် ပညာရေးပိုင်းရော ငွေကြေးပိုင်းဆိုင်ရာပါ အထောက်အပံ့ ရရှိနိုင်မယ့် ဒီလို Scholarship အစီအစဉ်တွေက ယနေ့ခေတ် ပညာရေးနယ်ပယ်မှာ ကျောင်းတိုင်းလိုလိုမှာ ကျင်းပပြုလုပ်ပေးနေတာမို့ မိမိ အမှန်တကယ် ဝါသနာပါတဲ့ ဘာသာရပ်ကို အလွယ်တကူ ရွေးချယ်လိုက်ပြီး ကြိုးစား ဖြေဆိုလို့ ရနိုင်ပါပြီ။
Categories
Companies with fantastic Culture
“Being a great place to work is the difference between being a good company and a great company.” လို့ပြောကြပါတယ်။ကိုယ့်ရဲ့ဝန်ထမ်းတွေက တနင်္လာလနေ့ဆို မျက်နှာကြီးတွေ မှိုင်နေတတ်လား။ တင်္နလာနေ့ကြီးကို မုန်းလိုက်တာကွာလို့ ညည်းနေကြလား။ ဒါဆိုရင်တော့ သင့်ကုမ္ပဏီရဲ့ Culture ကိုတစ်စုံတစ်ခု ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ဘာလို့လဲဆိုတော့ ကောင်းမွန်တဲ့ Company Culture တစ်ခုကိုပိုင်ဆိုင်ထားတဲ့ လုပ်ငန်းခွင်ဆိုရင် ဘယ်နေ့ပဲဖြစ်ပါစေ ဝန်ထမ်းတွေဟာ အလုပ်လုပ်ချင်စိတ်နဲ့ တက်ကြွနေမှာမို့ပဲဖြစ်ပါတယ်။
နေ့စဉ်ဘဝရဲ့ အရှုပ်တွေထဲမှာရှင်းအောင်ဘယ်လိုနေကြမလဲ?
“Life is more fun when you are organized” ဆိုတဲ့ ကြားဖူးနေကျ စကားတစ်ခုလိုပါပဲ။ ကျွန်တော်တို့ အားလုံးလိုလို စိတ်ပေါ့ပါး ရှင်းလင်းသေသပ်စွာ နေထိုင်ဖြတ်သန်းချင်ကြပေမယ့် တကယ်တမ်း လက်တွေ့မှာ စည်းစနစ်တကျ နေထိုင်တတ်တဲ့ သူမျိုးဖြစ်ဖို့က ထင်သလောက် မလွယ်ကူလှပါဘူး။ အထူးသဖြင့် လုပ်ငန်းခွင်မှာ ဝင်ရောက် လုပ်ကိုင်နေကြသူတွေ အတွက် ကိုယ့်လုပ်ငန်းဆောင်တာတွေအတွက်ရော အိမ်ကိစ္စတွေကိုပါ စီစဉ် ဆောင်ရွက်နေကြရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အရာတိုင်းလိုလိုက စနစ်တကျနဲ့ အမြဲလိုလို ရှင်းလင်းနေဖို့ဆိုတာ ပိုခက်ခဲလွန်းပါတယ်။
Two Types of inspiration
ကျွန်တော်တို့ ဖတ်နေကြ စာအုပ်တွေမှာလည်း ပါလေ့ရှိတယ်၊ Social Media ပေါ်မှာလည်း ခဏခဏတွေ့ရတယ်၊ အောင်မြင်ကျော်ကြားတဲ့ လူတွေရဲ့ အမေးအဖြေတွေမှာလည်း သူတို့ပြောနေကြ စကားလုံးတစ်ခုရှိပါတယ်။ Inspiration ဆိုတဲ့စကားလုံးပါ။ “What inspire me most is …” တို့ “ဒီကနေ တဆင့် Inspiration ရလာတာ …” တို့ “ဘယ်ကနေ Inspiration ကို ရှာတွေ့သွားလဲဆိုရင် …” စတဲ့ အသုံးအနှုန်းတွေကို ကျွန်တော်တို့ ကြားဖူးနေကြ ဖြစ်မှာပါ။
Today's Educational Trends
“Education will bring you the opportunity to make a difference.” ဆိုတဲ့ စကားလိုပါပဲ။ အပြောင်းအလဲကိုစောင့်နေမယ့်အစား ကိုယ်လိုချင်တဲ့ပြောင်းလဲမှုကို ကိုယ်တို်င်ဦးဆောင်ပြီး ဖန်တီးလိုက်ပါ။ ဒီလိုဖန်တီးနိုင်ဖို့အခွင့်အရေးကို ပညာရေးကသင့်ကို ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်တို့လူငယ်တွေအနေနဲ့ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေတဲ့ Digital Era မှာနေထိုင်နေတာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ တိုးတက်ပြောင်းလဲမှုတွေဖြစ်ပေါ်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက လူငယ်တွေအနေနဲ့လည်း နောက်ကောက်ကျကျန်နေခဲ့လို့ မဖြစ်ပါဘူး။ အထူးသဖြင့် ပညာရေးနယ်ပယ်မှာ နိုင်ငံတကာကနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အထူးအရေးကြီးပါတယ်။
Why is Strategic Planning Important?
“Failing to plan is planning to fail.” လို့ Alan Lakein ဆိုခဲ့သလိုပါပဲ။ အစီအစဉ်မချမှတ်ခြင်းဟာ ကျရှုံးဖို့ အကြောင်းအရင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးပဲ စဉ်းစားကြည့်လိုက်ရအောင်၊ ပုံမှန် ကျောင်းသားတစ်ယောက်၊ အလုပ်ဝန်ထမ်းတစ်ယောက်ရဲ့ တစ်နေ့တာဘဝမှာ မနက်အိပ်ယာနိုးလာတဲ့ အချိန်ကစပြီး ဆုံးဖြတ်ချက်တွေကို ချမှတ်ရပါတယ်။ ကျောင်းသားတစ်ယောက်ဆိုပါတော့၊ ဒီနေ့ ကျောင်းသွားဖို့ ဘယ်သင်ခန်းစာတွေ ကြိုဖတ်သွားရမလဲ၊ အတန်းထဲမှာ လုပ်ရမယ့် Group activities တွေအတွက် ဘာတွေပြင်ဆင်ရမလဲ စသည်ဖြင့်ပေ့ါ စဉ်းစားပြီး ကြိုတင်ပြင်ဆင်ရတယ်။ ရုံးဝန်ထမ်းတစ်ယောက်ဆိုရင်လည်း ထိုနည်း၎င်းပါပဲ၊ ဒီနေ့ အလုပ်မှာ ဘယ်အလုပ်တွေကိုတော့ အပြီးသတ်လုပ်ရမယ်၊ အစည်းအဝေးအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ အသင့်ပြင်ဆင်ပြီးပြီလား ဒီလိုမျိုး တစ်နေ့တာအတွင်း လုပ်ဆောင်ရမယ့် အရာတွေကို ကြိုတင် စဉ်းစားရတယ်၊ ပြင်ဆင်ရတယ်၊ အစီအစဉ်ချမှတ်ရပါတယ်။ ဒါမှသာ တစ်နေ့တာက အစီအစဉ်တကျနဲ့ ချောချောမွေ့မွေ့ အဆင်ပြေမှာ ဖြစ်ပါတယ်။ အခုလိုမျိုး Personal life မှာတောင်မှ Planning ကဒီလောက် အရေးပါနေရင် Strategic Planning လိုမျိုး အဖွဲ့အစည်းတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ အစီအစဉ်ချမှတ်ခြင်းတွေဆို ဘယ်လောက်များအရေးပါလိုက်မလဲ?
Time Management is Life Management
“Time is the great equalizer” လို့ ဆိုတဲ့ စကားလိုပဲ။ ကျွန်တော်တို့ရဲ့ ရှင်သန် နေထိုင်မှုမှာ တူညီတာတစ်ခုက ကျွန်တော်တို့အားလုံး ပိုင်ဆိုင်ထားတဲ့ နေ့စဉ် အချိန်အတိုင်းအတာပမာဏပါ။ လူတိုင်းက တစ်နေ့မှာ ၂၄နာရီ၊ တစ်ပတ်မှာ ၇ရက်၊ တစ်လမှာ ရက် ၃၀ စသည်ဖြင့် တူညီတဲ့ အချိန်အတိုင်းအတာ တစ်ခု ရှိနေကြတာပါ။ ဒါပေမယ့် ဘဝမှာ တကယ်တမ်း အရေးကြီးတာက ကျွန်တော်တို့မှာ အချိန် ဘယ်လောက် ရှိနေတယ်ဆိုတာ မဟုတ်ပါဘူး။ ရှိနေတဲ့ အချိန်တွေကို ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ အသုံးချနေသလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ “Time Management” ပုံစံပါ။
Importance of IQ, EQ, PQ
ဘဝမှာ အောင်မြင်မှု ဆိုတာတွေက အကောင်းမြင် ဝါဒကို ဆုပ်ကိုင်ရင်းနဲ့ ကြိုးစား အားထုတ်ခဲ့ကြတဲ့ အကောင်းမြင်ဝါဒီသမားတွေအတွက် ရည်မှန်းချက် ပန်းတိုင်တစ်ခုပါ။ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ၊ လုပ်ငန်းခွင်မှာ၊ ဘ၀ အောင်မြင်မှု လျှောက်လှမ်းမှာ အခက်အခဲတိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ဆို ဒီလို အကောင်းမြင်ဝါဒီ တစ်ယောက်ဖြစ်ဖို့ လိုအပ်နေပြီလား။ တနည်းအားဖြင့် ပြောရရင် ကျွန်တော်တို့မှာ “ Positive Intelligence Quotient ” ရှိဖို့ တကယ်ပဲ လိုအပ်နေလား။ နောက်ပြီး PQ က IQ နဲ့ EQ လို တကယ်ပဲ အရေးကြီးသလား ? IQ နဲ့ EQ ဆိုတာက ကျွန်တော်တို့ အားလုံ လိုလို ကြားဖူးနေကျ သိပ်မစိမ်းတဲ့ အသုံးအနှုန်းတွေပါ။
သင်ရရှိထားတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေနဲ့ လုံလောက်ပြီလား?
အောင်မြင်ချင်ရင် စဉ်ဆက်မပြတ် လေ့လာသင်ယူနေဖို့ လိုအပ်ပါတယ်။ အောင်မြင်ချင်တယ်ပြောပြီးတော့ အပင်ပန်းမခံချင်လို့ မရဘူး၊ မကြိုးစားချင်လို့ မရဘူး။ ဒါကြောင့် သင်က ဘဝမှာ အောင်မြင်ချင်သူတစ်ဦးဆိုရင် သင်ယူလေ့လာမှု အားကောင်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ကျောင်းတက်တယ်၊ တက္ကသိုလ်ရောက်တယ်၊ ဘွဲ့ရတယ်၊ အလုပ်ဝင်လုပ်တယ်။ ဒါလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီမှာတင် ရပ်နေတော့မှလား။ ကျွန်တော်တို့ ရှေ့ဆက်လှမ်းကြရအောင်လေ။ You Only Live Once ဆိုတဲ့စကားလိုပေါ့၊ တစ်သက်မှာ တစ်ခါပဲ အသက်ရှင်တာ၊ အောင်မြင်မှုခြေရာတွေ ချန်ထားခဲ့ရအောင်။ ဒါဖြင့် ဟုတ်ပြီ၊ အောင်မြင်မှုရဲ့ သော့ချက်ကဘာလဲ?
Movies to inspire success in your Life and Business
“Inspiration comes from everywhere as it is an interior process.” ဆိုတဲ့စာသားလေးတစ်ခု ဖတ်ဖူးပါတယ်။ Inspiration ဆိုတာ ကျွန်တော်တို့ နေရာတိုင်းကနေ ရှာဖွေတွေ့ရှိနိုင်တဲ့အရာတစ်ခုပါ။ ကျွန်တော်တို့ရဲ့အနီးကပ်ဆုံးမှာ ရှိနေတဲ့ Inspiration Source တစ်ခုကတော့ ရုပ်ရှင်ဇာတ်လမ်းတွေပါပဲ။ ဖျော်ဖြေရေးဆိုတာထက် သာလွန်ပြီး အမှန်တကယ် ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်လမ်းကောင်းတွေက ကျွန်တော်တို့ရဲ့ စိတ်အာရုံတွေကို နိုးကြားတက်ကြွစေပြီး စိတ်ကူးစိတ်သန်းတွေ၊ မတူညီတဲ့အမြင်တွေနဲ့ ပင်ကိုယ်အစွမ်းအစဗီဇတွေကို သိမြင်တတ်လာအောင် မီးမောင်းထိုးပြနိုင်ပါတယ်။ ကဲ … ဒီတော့ အကယ်၍များ သင်က ရုပ်ရှင်ကြည့်ရတာ နှစ်သက်သူ ဖြစ်တယ်။ နောက်ပြီး စီးပွားရေးကို စိတ်ဝင်စားပြီး Entrepreneur ဖြစ်ဖို့လည်း စိတ်ကူးရှိသူတစ်ဦးဆိုရင် အခုပြောပြပေးသွားမယ့် ရုပ်ရှင်ဇာတ်ကားတွေက သင့်အတွက် အသိအမြင် အသစ်တွေပေးစွမ်းနိုင်ပြီး စိတ်ဓာတ်ခွန်အားတွေရရှိစေမှာပါ။
Busy is the New Stupid
“Being busy & being productive are two different things.” လို့ဆိုကြသလိုပါပဲ။ အလုပ်ရှုပ်တာနဲ့ အလုပ်လုပ်နေတာဟာ လုံး၀ ကွဲပြားပါတယ်။ ဒါပေမယ့် ဖြစ်လေ့ရှိတာက ကျွန်တော်တို့ အများစု အမြင်မှာပေါ့။ လူတစ်ယောက်က အလုပ်တွေ အရမ်းရှုပ်တဲ့ ပုံစံပေါက်နေရင် ဒီလူက အလုပ်တွေ အရမ်းလုပ်တယ်၊ အရမ်းကြိုးစားတယ်လို့ ထင်တတ်ကြတယ်။ ဘာတွေ ဘယ်လိုပဲ လုပ်နေပါစေဦးတော့ အလုပ်ရှုပ်နေတဲ့ လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ အနည်းနဲ့အများတော့ စိတ်ထဲမှာ Impressive ဖြစ်သွားတတ်ကြတယ် မဟုတ်လား။ တကယ်တော့ အလုပ်ရှုပ်တယ်ဆိုတာ အကျင့်ဆိုးလို့ ဆိုလို့ရပါတယ်။
ကောင်းမွန်တဲ့လုပ်ငန်းခွင်ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ရာ ရှောင်ကျဉ်သင့်တဲ့စကားများ
ကျွန်တော်တို့ပါးစပ်က ပြောလိုက်တဲ့စကားလုံးတွေက လူတွေရဲ့နားမှာ ကြားရုံသာမက ပြောသူရဲ့စိတ်နေသဘောထားကို ခံစားမိစေနိုင်ပါတယ်။ တစ်ခါတရံ ကျွန်တော်တို့ပြောဆိုနေကြတဲ့ စကားတွေက လက်ခံလိုက်ရတဲ့ တစ်ဖက်လူစိတ်ထဲမှာ အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားတာမျိုးတွေ ဖြစ်ဖူး၊ ကြုံဖူးကြလေ့ရှိမှာပါ။ ဒီလို Verbal Slip-ups တွေဖြစ်လေ့ရှိတဲ့ အကြောင်းအရင်းက ကျွန်တော်တို့အများစုမှာ Social Awareness မရှိကြလို့ပါ။