Critical Thinking နဲ့ Creative Thinking ဆိုတဲ့ စကားလုံးမျိုးတွေကို ကျွန်တော်တို့အများစု ပြောဆိုဆက်ဆံနေရတယ့် ပတ်ဝန်းကျင်မှာ မကြာခဏ ဆိုသလို ကြားဖူးနေကြမှာပါ။ ဒီတော့ Critical Thinking ဆိုတာ ဘယ်လိုမျိုးလဲ? ဘယ်လို အတွေးအခေါ်မျိုးကို Creative Thinking လို့ခေါ်တာလဲ? Critical Thinking နဲ့ Creative Thinking ကဘယ်လို ကွာခြားလဲ ဆိုတော့ Critical Thinking ဆိုတာ ကိစ္စတစ်ခုနဲ့ ကြုံလာရတိုင်း ဘယ်လို အဖြေက အကောင်းဆုံး ဖြစ်မယ်ဆိုတာကို ချင့်ချိန် ဆုံးဖြတ်တဲ့ Thinking Skill တစ်ခုပါ။ Creative Thinking ဆိုတာကတော့ ဘယ်လို ဖြေရှင်းချက် အသစ် အသစ်တွေက ပိုမိုကောင်းမွန်နိုင်မလဲဆိုတာမျိုးတွေ တွေးခေါ်နိုင်စွမ်း ရှိတဲ့ skill တစ်မျိုးလို့ ဆိုလို့ရပါတယ်။
Categories
ဦးနှောက်မှတ်ညဏ်စွမ်းရည်ကိုအထောက်အကူပြုသောစာကျက်မှတ်လေ့လာနည်းများ
“ Brain power improves by brain use, just as our bodily strength grows with exercise” ဆိုတဲ့ စကားလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဦးနှောက်စွမ်းရည်ဆိုတာမျိုးက ထက်လာအောင်အမြဲ သွေးပေးနေသင့်တဲ့ ဓားတလက်လိုပါပဲ။ ကိုယ်တိုင် နည်းမှန်လမ်းမှန်နဲ့ အမြဲ အသုံးပြုနိုင်မှ တိုးတက်လာတာမျိုးပါ။ ကျွန်တော်တို့ စတင်မွေးဖွားလာထဲက ၂၄ နာရီ လုံးလုံး အလုပ်လုပ်နေတဲ့ ဦးနှောက်က တခါတလေ ကျွန်တော်တို့ မှတ်လို သမျှကို မမှတ်ထားနိုင်တာမျိုး၊ မှတ်ထားပြီးသမျှကို မေ့ပစ်လိုက်တာမျိုး စတဲ့ အခြေအနေတွေကိုလည်း ကြုံရမှာပါ။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကောင်းမွန်စွာဖြေဆိုဖို့
ဘဝရဲ့ တဆစ်ချိုးလို့ ခေါ်ဆိုင်နို်င်တဲ့ ကျောင်းသူကျောင်းသားတိုင်းအတွက် အရေးအကြီးဆုံးသော တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး နီးကပ်လို့လာပါပြီ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာ တစ်နည်းပြောရရင် ကျောင်းသူကျောင်းသားတွေ ရှေ့ဆက်လျှောက်လှမ်းရမယ့် အနာဂတ်ကို အတိုင်းအတာတစ်ခုအထိ အဆုံးအဖြတ် ပေးနိုင်မယ့် စာမေးပွဲလို့လည်း ဆိုနိုင်ပါတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာပါ။
Tips for Applying Scholarship
“Scholarship” ဆိုတာ ဒီနေ့ခေတ်မှာ ပညာရေးနယ်ပယ်ကို အထူးစိတ်ဝင်တစားရှိကြတဲ့ လူငယ်လူရွယ်တိုင်းနဲ့ ရင်းနှီး ကျွမ်းဝင်ပြီးသား စကားလုံးတစ်ခုပါ။ ကျောင်းသူကျောင်းသား လူငယ်တိုင်းအတွက် အောင်မြင်ဖို့ရာ လမ်းစ တစ်ခုလို့ ဆိုလည်း မမှားပါဘူး။ တခါတလေ ဒီလို အခွင့်အရေးမျိုး ရလာတာတောင် ကျွန်တော်တို့ကိုယ်တိုင် ဘယ်က ဘယ်လို စပြီး တွေးတောစဉ်းစားရမှန်းမသိ၊ ဘာတွေ ပြင်ဆင်လို့ ပြင်ဆင်ရမှန်းမသိနဲ့၊ ကိုယ်နဲ့ရော ကိုက်ညီရဲ့လား၊ တကယ်ရောတက်ချင်တာ ဟုတ်ရဲ့လား စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇဝေဇဝါ ဖြစ်နေတတ်တာမျိုးက ကြုံတွေ့နေရပါသေးတယ်။
Hobbies that will make Smarter
“No man is really happy or safe without a hobby.” ဆိုတဲ့ စကားလိုပါပဲ။ “ဝါသနာ” ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ထွက်ပေါက် တစ်ခုပါပဲ။ ကျွန်တော်တို့ အားလုံးမှာ အားလပ်ချိန်တွေကို ပျော်ရွှင်စွာ ကုန်ဆုံးစေနိုင်မယ့် အလေ့အကျင့်တစ်ခု အဖြစ် နှစ်သက်ရတဲ့ ကိုယ်ပိုင် ဝါသနာတွေ ရှိကြစမြဲပါ။ ပုံမှန်အားဖြင့် ဝါသနာလို့ဆိုရာမှာ ကိုယ်ပိုင်ဝင်ငွေ ရရှိနိုင်တဲ့ ဝါသနာ၊ ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်စေမယ့် ဝါသနာနဲ့ ထက်ထက်မြက်မြက် ဖန်တီးနိုင်စွမ်း ကောင်းမွန်လာနိုင်တဲ့ ဝါသနာဆိုပြီး ယေဘုယျအားဖြင့် ခွဲခြားနိုင်တယ်လို့ ဆိုကြပါတယ်။
ကိုယ်တိုင်အံ့အားသင့်လောက်မယ့်အရာတွေ ဘဝမှာဘာကြောင့်မလုပ်မိကြတာလဲ?
“Life has no meaning. Each of us has meaning and we bring it to life. It is a waste to be asking the question when you are the answer.” လိုက Joseph Campbell ပြောခဲ့သလိုပါပဲ။ ရှင်သန်နေထိုင်တဲ့ ဘဝရဲ့ အဓိပ္ပာယ်ဟာ ဘာများလဲဆိုပြီး မေးခွန်းထုတ်မိတယ်ဆိုရင် အဖြေက သင်ကိုယ်တိုင်ပဲလို့ ဆိုရမှာပါ။ ကိုယ်က ဘယ်လို အဓိပ္ပာယ်မျိုးနဲ့ ရှင်သန်နေထိုင်နေချင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး ကိုယ်တိုင် ဖန်တီးယူရမှာပါ။ ဘဝဆိုတာ စာအုပ်တစ်အုပ်ဆိုရင် အခန်းဆက်တိုင်းမှာ ဘာများဖြစ်နိုင်မလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်မျှော် ဖတ်ရှုနေရတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် ရေးသားယူရမှာပါ။
What to do After MBA?
MBA တက်ရောက်ပြီးတဲ့အခါ သင်ကိုယ်တိုင် သင့်ကိုယ်ကို မေးမိလိမ့်မယ်၊ ဒါမှ မဟုတ် လူအများစုက သင့်ကို မေးကြလိမ့်မယ်။ “အချိန်တွေ ငွေတွေများစွာ ရင်းပြီး တက်ရောက်လိုက်တဲ့ ဒီ MBA ပြီးတဲ့ အခါ ဘာလုပ်မှာလဲ” ဆိုတဲ့ မေးခွန်းမျိုးပေါ့။ MBA ဘွဲ့ရ တစ်ယောက်ဟာ ဘာလုပ်လို့ရမလဲ ဆိုတဲ့မေးခွန်းကို ဖြေရရင် သူ့အတွေ့အကြုံ သူ့အရည်အချင်းအပေါ် မူတည်ပြီး “အများကြီး လုပ်လို့ရနိုင်ပါတယ်” လို့ပဲ ဖြေရမှာပါ။
ဘာကြောင့်အကြောင်းအရာအသစ်တွေကိုလေ့လာသင့်တာလဲ?
“Somewhere, something incredible is waiting to be known.” ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ သင်ယူလေ့လာစရာအကြောင်းအရာတွေဆိုတာ ကုန်ဆုံးသွားတယ်လို့မရှိပါဘူး။ သင်ယူလေ့လာခြင်းဟာ ပန်းတိုင်မဟုတ်ဘူး၊ ခရီးစဉ်ဖြစ်ပါတယ်။ ဘဝဆိုတာကိုက အသစ်အသစ်တွေကို သင်ယူလေ့လာခြင်းပါပဲ။ ကိုယ့်မှာသာ တက်ကြွမှုနဲ့ သင်ယူလိုစိတ်ရှိပါစေ၊ ကမ္ဘာကြီးမှာ အံသြဖွယ်ရာ အသိပညာဗဟုသုတွေက သင့်လက်တကမ်းမှာ ရှိနေပါတယ်။
Life Lesson for High School Graduates
တက္ကသိုလ်ဝင်တန်း ကျောင်းသားဘဝကို ဖြေဆိုအောင်မြင်သွားကြတဲ့အခါ ကျွန်တော်တို့ ကျောင်းသူကျောင်းသား အများစု အတွေးမှာ ပထမဆုံးပေါ်လာတာက ပျင်းစရာကောင်းတဲ့ စာအုပ်တွေ၊ သင်ခန်းစာတွေကနေ လွတ်ပြီကျွတ်ပြီပေါ့။ ဒါပေမယ့် ဒီပျော်ရွှင်မှုက သိပ်ကြာကြာတော့ မခံပါဘူး၊ တက္ကသိုလ် ကျောင်းသားဘ၀ ကိုဖြတ်သန်းရတော့မယ် ဆိုတဲ့ အသိက ထင်သလောက် ပေါ့ပေါ့ပါးပါး မရိုးရှင်းဘူး မဟုတ်လား။ ဘယ်တက္ကသိုလ်ကို ရွေးချယ်ရပါ့မလဲ ဘယ်မေဂျာကို တက်ရပါ့မလဲ၊ ရှေ့လျှောက် ဘာဆက်လုပ်ရမလဲ၊ ဘာလမ်းကြောင်းကို ရွေးချယ်ရလဲဆိုတဲ့ မေးခွန်းပေါင်းသောင်းခြောက်ထောင် ခေါင်းထဲဝင်လာပြီး ပျော်တာလေးတွေ ပျောက်ကုန်တတ်တာ လူတိုင်းပါပဲ။ အရင်က စာကျက်လိုက် စာမေးပွဲဖြေလိုက်နဲ့ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေရာကနေ တကယ်တမ်းကျ ရှေ့ဆက်လျှောက်ဖို့ မိုင်တွေအများကြီးကျန်နေပါသေးလားဆိုတာ သိလာရပါတယ်။
စီးပွားရေးနယ်ပယ်မှာအောင်မြင်စွာရပ်တည်ဖို့ MBA ကိုဘာကြောင့်လိုအပ်တာလဲ?
“Some people dream of success, while other people get up every morning and make it happen." ကျွန်တော်တို့ တော်တော်များများ အပေါ်က စာသားလေးကို မြင်တွေ့ဖူး၊ ဖတ်ဖူးကြမှာပါ။ အောင်မြင်မှု ဆိုတာ အိပ်မက်တစ်ခုမဟုတ်ပါဘူး။ ကိုယ်တိုင် ကြိုးစားရင် ကြိုးစားသလို ဆွတ်ခူးရယူနိုင်တဲ့ အရာတစ်ခုပါ။ အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ လူတွေ မသိကြတဲ့ ပေးဆပ်မှု၊ အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုတွေ များစွာ ရှိနေစမြဲပါ။
How Great Leaders Build Passion Teams
“Great Leaders are not the best at everything. They find people who are best at different things and get them all on the same team.” လို့ Eileen Bistrisky ပြောခဲ့တဲ့ စကားလိုပါပဲ။ Team တစ်ခုရဲ့ ခေါင်းဆောင်ကောင်းဆိုတာ အရာအားလုံးကို တတ်သိပြီး Perfect ဖြစ်နေတဲ့လူမျိုး ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ အားသာချက်တစ်ခုက မတူညီတဲ့နယ်ပယ်တစ်ခုစီမှာ အားသာချက်ကိုယ်စီနဲ့ Talent ရှိပြီး အတော်ဆုံးဖြစ်နေသူတွေကို မြင်တတ်၊ နေရာပေးတတ်ပြီး Team တစ်ခုအနေနဲ့ ဖွဲ့စည်းတတ်ခြင်းပဲဖြစ်ပါတယ်။ ဒါက ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းတွေထဲက တစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။
ကိုယ်ကိုယ်ကို ဒီမေးခွန်းတွေ မေးကြည့်ဖူုးလား
“Life is an endless process of self-discovery.” ဆိုတဲ့ စကားလိုပါပဲ။ဘဝဆိုတာ ကိုယ့်ကိုယ်ကို ရှာဖွေရင်း အကောင်းဆုံး Version တစ်ခု ဖြစ်လာအောင် ပြုပြင် ကြိုးစားယူရခြင်းလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ သတိမထားမိပေမယ့် Personal Development တိုင်းက Self Discovery ကနေ စတင်ကြတာချည်းပါပဲ။ ဒါပေမယ့် တခါတရံမှာ ကျွန်တော်တို့အများစုက ကိုယ့်အိပ်မက်တွေကို ရှာဖွေနေရင်းနဲ့ကို လမ်းပျောက်သွားတတ်တယ်။ စိတ်ဓာတ်ခွန်အားတွေ၊ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားတယ်၊ ကြိုးစားသင်ယူလိုစိတ်တွေ ပျောက်ဆုံးတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုပါ ပျောက်ဆုံးသွားလေ့ရှိကြတယ်။ အလွယ်ကူဆုံးပြောရရင် ကိုယ်တိုင် ဘာဖြစ်ချင်မှန်းမသိ လမ်းပျောက်သွားတတ်ကြတယ်ပေါ့။