What to do after Matriculation Exam

🔸 တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီးစီးသွားကြတဲ့အချိန် ကျောင်းသူကျောင်းသား အားလုံးလိုလို ခံစားမိတာက တစ်နှစ်တာလုံး နေ့ရော ညပါ မနားမနေ စာကျက်ခဲ့ရာကနေ လွတ်လွတ်လပ်လပ် ဘာတာဝန်မှ မရှိတော့တဲ့ ပျော်ရွှင်မှုနဲ့ ဘာဆက် လုပ်ကြရမလဲဆိုတဲ့ ဟာတာတာ ခံစားချက်ကြီး ရလိုက်တာပါပဲ။ 🔸 ဆိုတော့ အကယ်၍များ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီးသွားတဲ့ အားလပ်ချိန်တွေ အကျိုးမဲ့အချိန်မဖြုန်းမိအောင် ဘာများလုပ်ရပါ့မလဲ ၊ ဦးနှောက် ဘယ်လိုများ ဆေးကြောရပါ့မလဲ တွေးနေတယ် ဒါမှမဟုတ် ဒီလို တွေးနေတဲ့ မောင်လေး၊ညီမလေး ၊ တူ၊တူမလေး တွေ များရှိတယ်ဆိုရင်တော့ ဒီ Post လေးကို တစ်မိနစ်လောက်အချိန်ပေးဖတ်ကြည့်လိုက်ပါဦးဗျ။


Workplace Rules for Happy Life

🔸တစ်နေ့ ၈ နာရီ တိတိ နေထိုင်လုပ်ကိုင်နေရတဲ့ လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်စွာ ပေါင်းသင်းဆက်ဆံလုပ်ကိုင်တတ်ဖို့ ဆိုကလည်း ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး။ ကိုယ်တိုင် ခံယူထားသင့်တဲ့ ဆောင်ရန် ရှောင်ရန် စည်းမျဉ်းလေးတွေ ချမှတ်ထားခြင်းဖြင့် ပျော်ရွှင် စိတ်ချမ်းသာတဲ့ လုပ်ငန်းခွင်ကို ဖန်တီးနိုင်ပါပြီ။ ဆိုတော့ ဘယ်လို Rule လေးတွေများလည်း ကြည့်လိုက်ကြရအောင်။


Types of Learning Styles & Learners

🔹သင်ကြားထားသမျှထဲက ကိုယ်က ဘယ်လောက်အတိုင်းအတာ အထိ တကယ် ရရှိလိုက်လဲဆိုတာက သာ အရေးကြီးတာပါ တဲ့။ 🔹 လေ့လာသင်ယူခြင်းမှာ ကိုယ်တိုင်က ဘယ်လောက်ထိ သင်ကြားပြီးပြီဆိုတာထက် ဘယ်လောက်ထိ ကိုယ်ရပြီးပြီ ဆိုတာက ကျွန်တော်တို့ ဘဝအတွက် အမှန်တကယ် လိုအပ်တာပါ။ 🔹 ဒီလို အကျိုးရှိရှိ သင်ကြားသလောက် တိုးတက်ရရှိလာဖို့ဆိုတာကလည်း လေ့လာသင်ကြားတဲ့နေရာမှာ ကိုယ်က ဘယ်လို လေ့လာသင်ကြားခြင်းမျိုးကို ပိုမိုနှစ်သက်သလဲ? 🔹 ဘယ်လို သင်ကြားနည်းစနစ်က ကိုယ့်ကို ပိုမို တိုးတက်စေနိုင်လဲ? လွယ်ကူစွာ မှတ်မိစေနိုင်လဲ စသည်ဖြင့် ကိုယ်တိုင် သိနေဖို့ လိုအပ်ပါတယ်။ ခေတ်စကားနဲ့ပြောရရင် ကိုယ်က ဘယ်လို Learning Style နဲ့ဆို အလွယ်တကူ တတ်မြောက်လွယ်တတ်တဲ့ Learner Type လဲ ပေါ့။ ကဲ .. ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဆန်းစစ်ကြည့်လိုက်ရအောင်။


The Worst Behavioural Traits in the Workplace

🔸 လက်ရှိ ကျွန်တော်တို့လုပ်ကိုင်နေကြတဲ့ ခေတ်သစ်လုပ်ငန်းခွင်မှာ “ပေါင်းသင်းဆက်ဆံရေးကောင်းရမည်” ဆိုတဲ့အချက်ကို Job Requirements တိုင်းလိုလိုမှာ ပါဝင်လာတာကိုတွေ့ရမှာပါ။ ဘာကြောင့်ဆို ခေတ်သစ် လုပ်ငန်းခွင်မှာ Social Skills ဆိုတာကိုက အရေးပါတဲ့ အရည်အချင်းတစ်ခု ဖြစ်လို့လာတာမို့ပါ။ 🔸ဘာကြောင့် ဒီလို သတ်မှတ်ရလာဆိုတာကလဲ Social Skills နဲ့ Self-awareness ကောင်းကောင်းရှိသူ တစ်ယောက်ဟာ Emotional Intelligence လို့ ခေါ်တဲ့ EQ မြင့်မားကြသူ ဖြစ်နေလို့ပါ။ သုတေသီတွေရဲ့အဆိုအရ Job Performance တစ်ခုရဲ့ ၅၈% ဟာ EQ အပေါ် အခြေပြုပြီး လုပ်ဆောင်ထွက်ပေါ်လာကြတာပါ။ ဒါကြောင့်လည်း EQ မရှိသူ …. အခြေခံအားဖြင့် Social Skills နဲ့ Self-awareness မရှိသူတစ်ယောက်ဟာ လုပ်ငန်းခွင်တစ်ခုမှာ အကြောင်းအမျိုးမျိုးကြောင့် ပြဿနာ အခက်အခဲတွေရဲ့ အဓိက တရားခံ တစ်ယောက်ဖြစ်နေမှာတော့ အသေအချာပါပဲ။ 🔸 ဆိုတော့ ကျွန်တော်တို့ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းခွင်မှာလည်း ဒီလို Social Skills နဲ့ Self-awareness ကစလို့ EQ ဆိုတာမျိုးလစ်ဟာနေတဲ့ လူတွေ၊ လုပ်ငန်းခွင်ပ တ်ဝန်းကျင်အတွင်း အဆိပ်အတောက်ဖြစ်နေတဲ့အပြုအမူတွေ ခံယူချက်တွေနဲ့ အမူအကျင့်တွေ ရှိတဲ့ လူမျိုးစုံ ဘယ်နှစ်မျိုးလောက် တွေ့ရမြင်ရတတ်လဲ ? ဒီလို လူမျိုးတွေထဲက တစ်ယောက်ဖြစ်မလာအောင်ရော ကိုယ်တိုင်က ဘယ်လို ရှောင်ကျဉ်မလဲ ပြုပြင်ယူမလဲ ? ကြည့်လိုက်ကြရအောင်။


Life Lessons You Can Learn From Steve Jobs

🔸 Steve Jobs ဆိုတဲ့ အမည် နာမ ကို ကြားလိုက်တာနဲ့ ဘယ်သူဘယ်ဝါ ဆိုတာ အထူးတလည် ဂုဏ်ပုဒ်တွေနဲ့ ညွှန်းဆိုနေစရာမလိုတော့ပါဘူး။ Apple ကို ပြေးမြင်ကြမယ်။ ၂၁ ရာစုရဲ့ အကောင်းဆုံးသော တီထွင်ဆန်းသစ်မှုတွေနဲ့ သူမတူအောင် ကမ္ဘာကြီးကို တိုးတက်ပြောင်းလဲ စေသူ တစ်ယောက် ဆိုတာ လူတိုင်း လေးစားစွာ လက်ခံ ထားကြသူ တစ်ယောက်ပါ။ 🔸အကယ်၍များ သင်က ဘဝမှာ ကိုယ့်မှာ ရှိသမျှ အရည်အချင်း အားလုံးကို ကြိူးစားထုတ်ဖော် အသုံးချရင်း အောင်မြင်မှု လမ်းကို ကိုယ်တိုင်ခင်းချင်သူဆိုရင်တော့ Steve Jobs ရဲ့ စိတ်နေစိတ်ထား ခံယူချက် တွေက သင့်အတွက် အကောင်းဆုံးသော ရှေ့ဆောင်လမ်းပြ အတုယူ အားထား စရာ သင်ခန်းစာတွေလို့ လို့ ဆိုရမှာပါ။ 🔸 ဆိုတော့ ကမ္ဘာကြီးကို ပြောင်းလဲ ခဲ့သူ Steve Jobs က ဘယ်လို ခံယူချက်တွေနဲ့ အောင်မြင်မှုအထွဋ်အထိပ်လမ်းကို ဖောက်ခဲ့သလဲ အချိန်ပေးပြီး ဖတ်ကြည့်လိုက်ကြပါဦးဗျ။


How to Practise Ethical Decision Making

• တစ်နေ့အတွင်း ကျွန်တော်တို့ Decision Making လို့ ခေါ်တဲ့ ဆုံးဖြတ်ချက်ချတာမျိုးတွေ ဘယ်နှစ်ကြိမ်လောက် အကျဉ်းအားဖြင့် လုပ်ရလေ့ရှိလဲ ? ဒီနေ့ ဘယ်သွားမယ် ဘာစားမယ် ဆိုတဲ့ အသေးအဖွဲ ဆုံးဖြတ်ချက်လေးတွေကနေစလို့ ကျောင်း၊ အိမ်၊လုပ်ငန်းခွင်၊မိသားစုနဲ့ ဘဝအတွက် ရွေးချယ်ရတဲ့ ကြီးကြီးမားမား ရွေးချယ်မှု မျိုးတွေ အထိပေါ့။ • အဖြေကတော့ မရေတွက်နိုင်လောက်အောင်ပါပဲ။ ဘာကြောင့်ဆို ကျွန်တော်တို့ ရှင်သန်နေထိုင်ရတဲ့ စက္ကန့်မိနစ်တိုင်းဟာ ရွေးချယ်မှု ဆုံးဖြတ်ချက်တွေနဲ့ချည်း တည်ဆောက်နေရတာမို့လို့ပါ။ ဒီနေ့တော့ ဘယ်အချိန်မှ အိပ်ယာထပြီး နေ့လည်စာ ဘာ စားမယ် ဆိုတာကစလို့ ဘယ်လို Career Pathway တည်ဆောက်ပြီး ဘ၀ ဖြတ်သန်းမယ်ဆိုတာတွေက အားလုံး ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်ချက်ချခဲ့ကြတာချည်းပါ။ • ဒီမှာ မေးချင်တဲ့ မေးခွန်းအစစ်မှန်က ကျွန်တော်တို့ ဘဝရဲ့ ဆုံးဖြတ်ရွေးချယ်မှုတွေ အားလုံးက ဘဝအတွက် သမာသမတ်ကျတဲ့ Ethical Decision Making ရော ဖြစ်နေရဲ့လား ဆိုတာပါ။


20 Self-Reflection Questions You Should Ask Yourself for Personal Growth

🔸 အကယ်၍များ သင်က အခုရောက်နေတဲ့ နေရာမှာ ရပ် မနေချင်သူ၊ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှပ်နှံမှုကသော အကောင်းဆုံးသော ရင်းနှီးမြှပ်နှံမှု ဆိုတာကို သိရှိနားလည်ထားသူ ၊ ကိုယ်ပိုင် စိတ်ကူးအိပ်မက်တွေ မက်ရင်း ပန်းတိုင်ကို တလှမ်းချင်း တက်လှမ်းဖို့ ကြိုးစားနေသူ တိုးတက်ချင်တယ်၊ ကြိုးစားချင်တယ်၊ အကောင်အထည်ဖော်ချင်ပေမယ့် လမ်းပျောက်နေတယ်လို့ ခံစားနေရသူ တစ်ယောက်ဆိုတော့ ပထမဦးစားပေး ပြင်ဆင်သင့်တာက သင့်ကိုယ်သင် လိုတာထက် ပိုသိေစေနိုင်ဖို့ရာ ဒီမေးခွန်းလေးတွေ အချိန်ပေးပြီး ခဏ ဖတ်ကြည့်ရင်း ကိုယ်တိုင် သုံးသပ် ကြည့်ဖို့ အကြုံပြုပါရစေ။


Life Lessons You Can Learn From Jack Ma

💡 ဘဝ၊ အလုပ်အကိုင်နဲ့ အောင်မြင်မှုအပေါ် ဂျက်မားဘယ်လိုမြင်လဲ? “If you don’t do it, nothing’s possible.” ဂျက်မား ပြောခဲ့တာပါ။ ဘာမှ မလုပ်သရွေ့ ဘာမှလည်း ဖြစ်နိုင်မှာ မဟုတ်ပါဘူးတဲ့။ ဂျက်မားလို့ ကြားလိုက်တာနဲ့ ဘယ်သူဘယ်ဝါဆိုတာ အထူးတလည် ညွှန်းပြီး ရေးနေစရာတော င်လိုမယ်မထင်ပါဘူး။။ 🔸 အကြမ်းဖျင်း မိတ်ဆက်ရမယ်ဆိုရင်တော့ Net Worth $20 Billion ကျော်နဲ့ Work Ethic အရှိဆုံးသော၊ ကမ္ဘာ့ အချမ်းသာဆုံးစာရင်းမှာ တစ်ယောက်အပါဝင်ဖြစ်ပြီး E-commerce Web Portal ဖြစ်တဲ့ Alibaba ရဲ့ Founder & CEO တစ်ယောက်ပါ။ 🔸 ယနေ့ခေတ်ရဲက အအောင်မြင်ဆုံး နဲ့ အချမ်းသာဆုံးသော စာရင်းထဲမှာ ပါဝင်လာဖို့ဆိုတာ အခက်အခဲ ဆုံးအရာတွေထဲက တစ်ခုပါ။ ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုး နာမည်ကြားလိုက်ရုံနဲ့ လူတိုင်းလေးစားအားကျရပြီး ဒီနေ့ဒီနေရာကို ဘယ်လောက်ထိ ကြိုးစားရုန်းကန်ရင်း ရောက်လာခဲ့ရသလဲဆိုတာ ကျွန်တော်တို့အားလုံးလိုလို စိတ်ဝင်တစားကို သိရှိနေကြပြီးဖြစ်တဲ့ သူ့ရဲ့ ဘဝ၊ အလုပ်အကိုင်နဲ့ အောင်မြင်မှုအပေါ် ထင်မြင်ချက်တွေကို အားလုံး လေ့လာ မှတ်ယူလို့ ရအောင် မျှဝေပေးလိုက်ပါတယ်။


Apps to Try if You Want to Try Something New

🔸 တစ်နေ့မှာ SmartPhone သုံးချိန် ဘယ်လောက် ထိ ရှိသလဲ? ဖုန်းသုံးတဲ့အခါမှာရော များသောအားြဖြင့် ဘယ်လို App တွေ သုံးလေ့ရှိကြလဲ? 🔸 အများစုကတော့ Communication ပြုလုပ်ဖို့အပြင် ဂိမ်းဆော့တာ ဒါမှမဟုတ် အလုပ်ကိစ္စ ဖြစ်ပါစေ၊ ကျောင်းကိစ္စဖြစ်ပါစေ Personal Case ဖြစ်ပါစေ Facebook Instagram Messenger Twitter Viber စတဲ့ Apps တွေ အသုံး အများဆုံး ဖြစ်လောက်မှာပါ။ 🔸 ဒါကြောင့် ကျွန်တော်တို့ ဖုန်းထဲမှာ အပျော်သက်သက်၊ အချိန်ဖြုန်းရုံ သက်သက် Install လုပ်ထားတဲ့ Apps တွေအပြင် ကိုယ့်အတွက် အနည်းနဲ့အများ အကျိုးရှိစေမယ့် အကြောင်းအရာ အသစ်တွေကို လေ့လာနိုင်မယ့်၊ အားလုံးအတွက် အသုံးပြုရ လွယ်ကူနိုင် လောက်မယ့် Application လေးတွေ မျှဝေပေးလိုက်ပါတယ် ဖတ်ကြည့်ကြပါဦးခင်ဗျ။


Mistakes that You Are Doing Without Knowing Yourself

မေးခွန်းလေးတစ်ခု ကိုယ့်ကိုယ်ကို မေးကြည့်ရအောင်။ တစ်နေ့တာမှာ ကျွန်တော်တို့ အမှားဘယ်နှစ်ခုလောက် လုပ်ခဲ့လဲ မှတ်မိကြလား? 🧐 သတိကောင်းတဲ့သူတစ်ဦးအနေနဲ့ဆိုရင်တော့ မှတ်မိဖို့ လွယ်ပါလိ့မ်မယ်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခုက ကိုယ်တိုင်တောင် သတိမပြုလိုက်မိတဲ့ အမှားတွေ ရှိနေတယ်ဆိုရင်ရော? နည်းနည်းတော့ စဉ်းစားသွားရပြီနော်။ ဒီတော့ တွေးကြည့်မိတာက တစ်နေ့တာမှာ ကိုယ်သတိလက်လွတ် ပြုလုပ်မိတဲ့ အမှားတွေဘယ်နှစ်ခုလောက်တောင် ရှိနေမလဲ? ဘယ်လိုအမှားအမျိုးတွေ ဖြစ်မလဲ?


How Will You Picture Your Career?

ကျွန်တော်တို့ ကလေးဘဝတုန်းက အသက်ကြီးလာရင် ဘာလုပ်မလဲလို့ မေးတဲ့အခါ ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ်မယ် စသဖြင့် အလွယ်တကူ ဖြေခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်တွေ့ဘဝမှာ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်တော့မယ်ဆိုတဲ့အခါ ဘယ်လမ်းကိုလိုက်ရမလဲဆိုတဲ့ Career ရွေးချယ်မှုပြဿနာက ခေါင်းစားစရာ ကိစ္စတစ်ခုပါပဲ။ ကျောင်းပြီးအောင်တက်ပြီးမှ အဆင်ပြေတဲ့ အလုပ်ကို အတွေ့အကြုံရအောင် အရင်ဝင်လုပ်ကြည့်မလား? ဒါမှမဟုတ် ဘယ်လို Field မှာအခြေချမယ်ဆိုတဲ့ ရည်ရွယ်ခိုင်ခိုင်မာမာရှိပြီးမှ ကိုယ်လျှောက်မယ့်လမ်းကြောင်းနဲ့ လိုက်ဖက်တဲ့ မေဂျာတွေ သင်တန်းတွေကို ရွေးချယ် တက်ရောက်ရမှာလား? ဒါဟာ လူငယ်တွေအားလုံးလိုလို ကြုံတွေ့နေကြ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ Career ကိုဘယ်လိုပုံဖော်ကြမလဲ?


How to Get Out of Your Comfort Zone

Comfort Zone က ဘယ်လို ထွက်ကြမလဲ ??? ▪️ ဘဝကြီးက နေထိုင်လှုပ်ရှားရတာ အရမ်းလွယ်ကူနေတဲ့အခါ Comfort Zone ထဲ ရောက်နေမိပြီလား ရုန်းထွက်ဖို့လိုနေပြီလား လို့ စဉ်းစားမိဖူးကြလား? အများစုကတော့ NO လို့သာ ဖြေကြမှာပါ။ ▪️ ဘာလို့ဆို ကျွန်တော်တို့ အများစု က Comfort Zone ကို မရောက်ရောက်အောင် သွားချင်ကြသူ။ ရောက်နေမှန်းသိရက်ကို နေချင်ကြသူ က များသားကိုဗျ။ ▪️ တကယ်တမ်းကျ နေ့စဉ်ဘဝမှာ စာကျက်နေရတာ၊ အလုပ်လုပ်ကိုင်နေရတာ တွေမှာ အလွယ်တကူ သက်တောင့်သက်သာ ပြုလုပ်နေရတာမျိုးနဲ့ Comfort Zone ထဲ ရောက်နေတာမျိုးက မတူညီပါဘူး။ ဥပမာ - ကိုယ်က Productive ဖြစ်သူမို့ တစ်နေ့ကို အလုပ်တာဝန် ၁၀ ခု လောက် အေးဆေးလုပ်နိုင်တာမျိုးနဲ့ လေး ငါး ခုလောက်သာ လုပ်ပြီး သက်တောင့်သက်သာ နေနေတာမျိုး ကွဲပြားသလိုပေါ့။ ▪️ဆိုတော့ ဘာလို့ Comfort Zone မှာ မနေသင့်တာလဲ?